၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉

ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် က အသင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ် နေပြီလို့ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဇန်နဝါရီ(၁၉)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့ တဖက်တဂိုးစီ သရေကျခဲ့တာပါ။ ဘရိုက်တန် အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ချယ်လ်ဆီး အသင်းဟာ ဇီယတ်ချ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝက်ဘ်စတာ က ချေပဂိုးပြန်သွင်းခဲ့လို့ သရေကျခဲ့တာပါ။ ချယ်လ်ဆီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားတဲ့အထိ ရလဒ်တွေ ဆိုးနေ ခဲ့တာဖြစ်ပါတယ်။

လန်ဒန်ကလပ် ဟာ ဒီပွဲသရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၁၂)မှတ်ကွာဟသွားပြီ လည်း ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ မှာ စပါးကို အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ အမှတ်ပေးဇယား အောက်မှာရှိနေတဲ့ ဝက်စ်ဟမ်း၊ အာဆင်နယ်နဲ့ စပါး အသင်းတို့ဟာ ပွဲစဉ်တွေကစားဖို့ ကျန်ရှိနေသေးတာကြောင့် သူတို့သာ ဒီပွဲတွေ အနိုင်ရခဲ့ရင် အမှတ်ဟွာဟမှုကို ပိုပြီး လျော့ချနိုင်မှာလည်းဖြစ်ပါတယ်။

Daily_Mail_1.jpg

တူချယ်လ် က “ကျနော်တို့ကို ကြည့်ရတာဟာ ပင်ပန်းနွမ်းနယ်နေပါပြီ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ဟာ ပင်ပန်း နေပြီး တောင့်တင်းတဲ့အသင်းနဲ့ ကစားခဲ့ရတာပါ။ ဘရိုက်တန် အသင်းဟာ ကောင်းမွန်စွာ ပြင်ဆင်ထားပါတယ်။ ကျနော်တို့ ပွဲအချိန်ဇယားကို ကြည့်လိုက်ပါ။ ဘယ်လောက်ထိ ရုန်းကန်နေရလဲဆိုတာကို တွေ့ရပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေတဲ့အခါမှာ အာရုံစူးစိုက်မှုတွေလည်း မရှိတော့ပါဘူး။ ဒါကို ကျနော်တို့ရဲ့ ပွဲတွေကို ကြည့်လိုက်ရင် ခင်ဗျားတို့ မြင်တွေ့ရမှာပါ”လို့ ပြောပါတယ်။

ချယ်လ်ဆီး အသင်းဟာ တနင်္ဂနွေနေ့မှာ လန်ဒန်ဒါဘီ ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲဟာ ချယ်လ်ဆီးအတွက်တော့ နိုဝင်ဘာလစကတည်းက ကစားရတဲ့ (၂၁)ပွဲမြောက် ပွဲလည်းဖြစ်လာမှာပါ။ ဒီပွဲ ပြီးရင် တော့ နိုင်ငံတကာပွဲစဉ်တွေကစားမှာဖြစ်တာကြောင့် အချို့ကစားသမားတွေအနေနဲ့ နားရက်တွေ ပြန်လည် ရရှိမှာ လည်းဖြစ်ပါတယ်။

တူချယ်လ် က “ကျနော်တို့ ဟာ ဘက်ထရီတွေအားပြန်သွင်းဖို့၊ ဒီပွဲတွေကို တိုက်ပွဲဝင်နိုင်ဖို့ ပျော်ရွှင်မှုတွေ၊ ဆာ လောင်မှုတွေနဲ့ ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက လိုကို လိုအပ်ပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ကျနော် တို့ဟာ ဘက်ထရီတွေကို အားပြန်သွင်းရမှာပါ။ ကစားသမားတွေကို တပတ်လောက်တော့ နားခွင့်ပေးရမှာပါ”လို့ ပြောခဲ့ပါတယ်။

Source:BBC