CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆

ကမ္ဘာ့နံပတ်(၁) အမျိုးသားတင်းနစ်ကစားသမား ဂျိုကို‌ဗစ်ရဲ့ ဗီဇာအယူခံဝင်မှုကို ပြည်ထောင်စုတရားရုံးက ပယ်ချခဲ့တာ ကြောင့် ပြည်နှင်ဒဏ် ခံလိုက်ရပြီလို့ နောက်ဆုံးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂျိုကိုဗစ်ရဲ့ဗီဇာကို ရုပ်သိမ်းဖို့ တရားသူကြီး ၃ ဦးက တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာပါ။

ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဲလက်စ်ဟော့ကီဟာ သောကြာနေ့က ဂျိုကိုဗစ်ရဲ့ဗီဇာကို ဒုတိယအကြိမ်မြောက် ရုတ်သိမ်းခဲ့ပြီးနောက် ကစားသမားက အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပန်း ချန်ပီယံဆုကို ကာကွယ်ဖို့ မဲလ်ဘုန်းကို ရောက်ရှိခဲ့ပေမယ့် ကာကွယ်ဆေး ထိုးထားခြင်း မရှိတာကြောင့် ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ အခုနှစ်မှာ ကျင်းပမယ့် ဩစတြေးလျအိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ဂရမ်းဆလမ်းချန်ပီယံဆု (၂၁)ကြိမ်ရယူကာ တင်းနစ်သမိုင်းတလျှောက် အမျိုးသားတင်းနစ် ကစားသမားတွေထဲမှာ ဂရမ်းဆလမ်းအများဆုံးရ ကစားသမားအဖြစ် စံချိန် တင်နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။

အခုအချိန်မှာတော့ ဂျိုကိုဗစ်ရဲ့မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဆားဘီးယား ကစားသမားကတော့ အလွန် စိတ်ပျက်မိပေမယ့် ဒီဆုံးဖြတ်ချက်ကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ ဩစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၇ ရက်မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: 9News