CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅
ဒေါ့မွန်အသင်းက ဖိအားပေးနေတာကြောင့် သူ့ရဲ့ အနာဂတ်ကို အမြန်ဆုံး ဆုံးဖြတ်တော့မယ်လို့ ဟာလန်းက ပြောလိုက်ပါ တယ်။
ဟာလန်းဟာ လက်ရှိ ဘောလုံးလောကရဲ့ အတောက်ပဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ ဒေါ့မွန် အသင်းကတော့ နော်ဝေနိုင်ငံ လက်ရွေးစင်လည်းဖြစ်တဲ့ တိုက်စစ်မှူး ဟာလန်းကို အသင်းမှာ ဆက်ထိန်း ထားနိုင်ဖို့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့် ဟာလန်းကို ခေါ်ယူဖို့ အသင်းကြီး အများ အပြားက စိတ်ဝင်စားနေတာကြောင့် ကစားသမားဟာ ဒီရာသီအကုန်မှာ ဘွန်ဒစ်လီဂါ ကလပ်ကနေ ထွက်ခွာချင်နေတာ ဖြစ် ပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့က ဖရိုင်းဘတ်နဲ့ပွဲမှာ ဒေါ့မွန်အသင်းက ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းဟာ အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန် အသင်းအတွက် ၁၈ ပွဲကစားပြီး ၂၁ ဂိုး သွင်းယူထား နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းက “လွန်ခဲ့တဲ့ (၆)လက ဒေါ့မွန်ကို လေးစားလို့ ဘာမှမပြောဖို့ ရွေးချယ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကလပ်က ကျနော့်ကို ဆုံးဖြတ်ချက်တွေချဖို့ ဖိအားတွေ ပေးလာပါပြီ။ ကျနော်ကတော့ ဘောလုံးကစားချင်တာပါပဲ။ ဒါပေမယ့် ဒေါ့မွန် အသင်းက ကျနော့်အနာဂတ်နဲ့ ပတ်သက်ပြီး အခုဆုံးဖြတ်ချက်ချဖို့ ဖိအားပေးနေတာကြောင့် မကြာခင်မှာပဲ ဆုံးဖြတ်ချက် တစ်ခုခု ချရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”လို့ ပြောခဲ့ပါတယ်။
ဟာလန်းကိုတွေ့ရစဉ်။(Sky Sports)
၂၀၁၉-၂၀ ရာသီက ဆဲလ်ဘတ် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၇၇ ပွဲ ကစား ထားပြီး ၇၈ ဂိုး သွင်းယူထားတဲ့ သူ့ရဲ့ ဂိုးသွင်းနှုန်းကြောင့် ဥရောပထိပ်သီး အသင်းတွေရဲ့ မျက်စိကျခြင်းကို ခံနေရတာ ဖြစ်ပါ တယ်။ ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီရာသီအကုန်မှာ စာချုပ်ဖျက်သိမ်းကြေးဟာ အသက်ဝင်လာ မှာ ဖြစ်တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ အပြိုင်ကြိုးစားမှုကို ခံရတော့မှာပါ။
ဟာလန်းက “သူတို့က ကျနော့်ကို ဖိအားတွေ အများကြီး ပေးလာပါတယ်။ ဒါကို လက်ခံရပါမယ်။ ကလပ်နဲ့ ပရိသတ်တွေကို လေးစားတဲ့အတွက် ဘာမှမပြောဖို့ ရွေးချယ်ခဲ့ပါတယ်။ အခုအချိန်မှာ ကလပ်ကနေ ဖိအားတွေ အများကြီး ဝင်လာတာကြောင့် ဒီကိစ္စတွေကို လုပ်ဖို့ အချိန်တန်လာပါပြီ။ ဆိုလိုတာကတော့ ဒါတွေဟာ အခုဖြစ်ပျက်မယ့် အရာတွေပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။
ဒေါ့မွန်အသင်း တိုက်စစ်မှူးကို ခေါ်ယူဖို့ ရီးရယ်လ်၊ ဘာကာ၊ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့က အပြိုင် အဆိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ထက် စပိန်လာလီဂါမှာပဲ သွားကစားချင်တယ်လို့ ပြောထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
Source: Sport Skeeda