CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၉

စပါးအသင်းနည်းပြ ဒီဇာဘီဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာကို ရာသီကုန်ချိန်မှာ အသင်း အပြီးသတ် ခေါ်ယူစေဖို့ ဆန္ဒရှိနေပါတယ်။ 

စပါးအသင်းဟာ ပယ်လ်ဟင်ညာကို နွေရာသီမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။ 

ပယ်လ်ဟင်ညာဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နည်းပြ ဒီဇာဘီ လက်ထက် ပထမဆုံးအကြိမ် အဖြစ် စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ပယ်လ်ဟင်ညာဟာ စပါးအသင်းက အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး တန်းဆင်းဇုန်အပြင်ကို ထွက်ခွာနိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။ 

စပါးအသင်းနည်းပြ ဒီဇာဘီက ပယ်လ်ဟင်ညာကို လာမယ့်ရာသီ အသင်းမှာ ဆက်ရှိစေချင်ပြီး သူဟာ ကစားသမား တစ်ဦးအနေနဲ့ အကောင်းဆုံးဖြစ်သလို သူ့ကိုပိုင်ဆိုင်ထားရတာ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။ 

ပယ်လ်ဟင်ညာနဲ့ ဒီဇာဘီကို တွေ့ရစဉ်

ပြီးခဲ့တဲ့နွေရာသီမှာ စပါးအသင်းကို ရောက်လာပြီး နည်းပြ ၃ ဦးနဲ့ လက်တွဲခဲ့ရတဲ့ ပယ်လ်ဟင်ညာဟာ ပရီးမီးယား လိဂ်မှာ ၁၅ ပွဲဆက် အသင်း နိုင်ပွဲပျောက်နေတာကို ဝုလ်ဗ်စ်အသင်းနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီး အဆုံးသတ်ပေးခဲ့ တာပါ။ 

ပယ်လ်ဟင်ညာဟာ စပါးအသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားပါတယ်။ 

လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဆိုလန်ကီနဲ့ ဂိုးသမား ဗီကာရီယိုတို့ လွဲချော်မယ်လို့ သိရပါတယ်။ 

Source: Dailymail