CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀

စပါးအသင်းဟာ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီကို သူတို့ရဲ့ အမြဲတမ်းနည်းပြခန့်အပ်ဖို့ ဆန္ဒရှိ နေတယ်လို့ BBC Sport က ဖော်ပြထားပါတယ်။ 

စပါးအသင်းဟာ အသင်းကို ရက်ပေါင်း ၄၄ ရက်ကြာ ကိုင်တွယ်ပြီးနောက် ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း အီဂေါ်တူဒေါရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေတာပါ။ 

စပါးအသင်းဟာ တူဒေါ လက်ထက်ကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၁ ပွဲသရေနဲ့ ၅ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါ တယ်။ 

လန်ဒန်ကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။ 

စပါးအသင်းဟာ မာဆေးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဒီဇာဘီကို နည်းပြသစ် အဓိကပစ်မှတ်အဖြစ် သတ်မှတ် ထားပြီး အီတလီ လူမျိုးနည်းပြ အနေနဲ့ ဒီအလုပ်ကို လက်ခံနိုင်မလားဆိုတာ ကြိုးပမ်းမှုပြုလုပ်နေပါတယ်။ 

စပါးအသင်းကိုတွေ့ရစဉ်

သတင်းတွေမှာ ဒီဇာဘီဟာ စပါးအသင်းကို ကိုင်တွယ်ဖို့ လမ်းဖွင့်ထားပေမယ့် အသင်းပရီးမီးယားလိဂ်မှာ ဆက်ရှိ မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဒီရာသီကုန်အထိ စောင့်ဆိုင်းချင်နေတယ်လို့ သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ဒီဇာဘီကို အခုအချိန်မှာ မခန့်အပ်နိုင်ရင် ရာသီကုန်အထိ ကာလတိုနည်းပြခန့်အပ်ဖို့ လုပ်ဆောင်မှုတွေလည်း ရှိနေတာပါ။ 

စပါးအသင်းဟာ ဘန်လေအသင်း နည်းပြဟောင်း ရှောင်ဒိုက်၊ အသင်းနည်းပြဟောင်း ပိုချက်တီနိုတို့ကို စိတ်ဝင် စားနေပေမယ့် သူတို့ကို ခန့်အပ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် စပါးအသင်းဟာ ရိုင်ယန်မေဆန်၊ တင်ရှားဝုဒ်၊ ဟယ်ရီရက်နက်ပ်တို့လို အသင်းနဲ့ ပတ်သက်တဲ့ သူတွေ၊ လက်ရှိကစားသမား ဘန်ဒေးဗီးစ်တို့ကို ကာလတိုခန့်အပ်ဖို့ စဉ်းစားနေတာပါ။ 

ကစားသမားဟောင်းတွေဖြစ်တဲ့ ဂလင်းဟောဒယ်လ်နဲ့ ခရစ်ဟောက်တန်တို့လည်း အသင်းယာယီနည်းပြ ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။ 

စပါးအသင်းဟာ ဧပြီလ ၁၂ ရက်မှာ ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်လို့ အသင်းဟာ ဒီမတိုင်မီ နည်းပြတစ်ဦး ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

Source: BBC