CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ အီဂျစ်တောင်ပံ ကစားသမား ဆာလက်ကို ဒီရာသီမကုန်မီ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲဟာ ဆာလက်အတွက် လီဗာပူးလ်အသင်း ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်နိုင်မယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေကြတာပါ။
ဆာလက်ဟာ ၉ ရာသီကြာ ကစားခဲ့တဲ့ လီဗာပူးလ်အသင်းကနေ ဒီရာသီကုန်ရင် ထွက်ခွာမယ်လို့ ကြေညာ ထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းက ဆာလက်ရဲ့ ဒဏ်ရာဟာ အသေးစား ကြွက်သားဒဏ်ရာဖြစ်ပြီး ရာသီမကုန်မီမှာ အသင်း အတွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းရဲ့ ဒီရာသီ နောက်ဆုံးပွဲဟာ မေလ ၂၄ ရက်မှာ ဘရန်ဖို့ဒ်အသင်းကို အန်ဖီးလ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆာလက်ဟာ နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အီဂျစ်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မှာပါ။
၂၀၁၇ ခုနှစ်မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဆာလက်ဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံ လိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားအားလုံး ရရှိထားပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ၂၅၇ ဂိုး သွင်းယူထားတာကြောင့် အသင်းသမိုင်းမှာ သူ့ထက် ဂိုး အများဆုံး သွင်းယူတဲ့သူအဖြစ် အီယန်ရပ်ရှ် ၃၄၆ ဂိုးနဲ့ ရော်ဂျာဟန့် ၂၈၅ ဂိုးသာရှိတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် ယူနိုက်တက်၊ ချယ်လ်ဆီး၊ အက်စတွန် ဗီလာ၊ ဘရန်ဖို့ဒ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
