CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်အာလီအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက ၁ ဂိုးသွင်းယူခဲ့သလို အသင်းဟာ ပြိုင်ပွဲစုံ ၂၀ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက အယ်လ်ဟီလယ်အသင်းထက် ၁ ပွဲ ပိုကစားပြီး ရမှတ် ၈ မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
ရော်နယ်လ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုပြိုင်ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ ၁၆ ပွဲ ဆက်တိုက် နိုင်ပွဲရရှိထားတဲ့ အယ်လ်နာဆာအသင်းဟာ ဒီရာသီ လိဂ်လက်ကျန် ၄ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်မှာပါ။
နောက်ဆုံး ကစားခဲ့တဲ့ ၉ ပွဲမှာ ၉ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၉၇၀ ဂိုးအထိရှိလာခဲ့ပြီး အယ်လ်နာဆာအသင်း အတွက်တော့ သူဟာ ၁၂၆ ဂိုး သွင်းယူထားပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်း ကစားသမားဘဝမှာ အဓိက ဆုဖလားတွေ ရယူနိုင်ခြင်း မရှိသေးတာ ကြောင့် ဝေဖန်မှုတွေ ခံနေရပေမယ့် ဒီရာသီမှာတော့ ဆုဖလား ၂ လုံး ရယူနိုင်ဖို့ အခွင့်အရေး ရှိနေတာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို အာရှချန်ပီယံလိဂ် ၂ မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲအဖြစ် ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် လိဂ်ပွဲအဖြစ် အယ်လ်ကတ်ဆီယာအသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
