CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြင်သစ်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ရေဓါတ်ခန်းခြောက်မှု ပြင်းထန်စွာ ခံစားခဲ့ရတာကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
အခုနှစ်အစောပိုင်းမှာ မင်နီဆိုတာ ယူနိုက်တက်အသင်းထံ ကာလတိုစာချုပ်နဲ့ ပြောင်းခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအသင်းက ပြင်သစ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ၆၃ မိနစ် ပါဝင်ကစားခဲ့တာပါ။
ဒီပွဲအပြီး နောက်တစ်ရက်အကြာမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရေဓါတ်ခြောက်ခန်းမှုကို ခံစားခဲ့ရတာကြောင့် ကြိုတင် ကာကွယ်မှုနဲ့ ပြန်ကောင်းလာမှုကို စောင့်ကြည့်ဖို့အတွက် ၇၂ နာရီကြာ ဆေးရုံတက်ခဲ့ရတယ်လို့ ကိုလံဘီယာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုအချိန်မှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နေအိမ်မှာ အနားယူ နေတယ်လို့ သိရပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ခရိုအေးရှားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ကိုလံဘီယာအသင်း အတွက် ၆၃ မိနစ်ကြာ ပါဝင် ကစားခဲ့သေးတာပါ။
ရီးရယ်လ်အသင်း ကစားသမားဟောင်းဟာ ဒီရာသီမှာ မေဂျာလိဂ် ကလပ်မင်နီဆိုတာ အသင်းအတွက် လူစားဝင် အဖြစ် ၂ ပွဲ ပါဝင်ကစားခဲ့ပါတယ်။
ကိုလံဘီယာအသင်းအတွက် ပွဲပေါင်း ၁၂၀ ကျော် ကစားထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ကိုလံဘီယာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု K မှာ ပေါ်တူဂီ၊ ဥဇဘတ်ကစ္စတန်၊ ကွန်ဂိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
ကိုလံဘီယာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကော်စတာရီကာ၊ဂျော်ဒန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။
Source: ESPN
