၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ စွဲချက်တင်ခံရတဲ့ မန်စီးတီးနောက်ခံလူ မန်ဒီဟာ အာမခံနဲ့ထောင် ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ မန်ဒီဟာ (၂၀၂၀) အောက်တိုဘာကနေ (၂၀၂၁) သြဂုတ်အထိ အမျိုးသမီး(၅)ဦးကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန်ဒီဟာ Chester Crown တရားရုံးကို တက်ရောက် ပြီး ကြားနာမှုကို ခံခဲ့ရတာပါ။ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ မုဒိမ်းမှု(၇)ခုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု (၁)ခု တို့ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မန်ဒီကို ဒီလထဲမှာ ရုံးတင်စစ်ဆေးဖို့ ရှိပေမယ့် အခုအချိန်မှာတော့ ဇွန်လကို အစောဆုံးအဖြစ် ပြန်လည်ချိန်းဆို ထားတာဖြစ်ပါတယ်။ တရားသူကြီး ပတ်ထရစ်သွန်မဆင်က မန်ဒီအနေနဲ့ သူ့ရဲ့နေအိမ်မှာပဲ နေထိုင်ရမှာဖြစ်သလို တိုင်ကြားသူတွေနဲ့ အဆက်အသွယ်လုပ်လို့ရမှာမဟုတ်ဘဲ သူ့ရဲ့ပတ်စပို့ကိုလည်း အပ်နှံထားရမှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ မန်ဒီက ဒီအခြေအနေတွေအားလုံးကို သဘောတူခဲ့ပြီး တရားသူကြီးကို အိုကေလို့ ပြန်လည် ဖြေခဲ့ တာဖြစ်ပါတယ်။

မန်ဒီရဲ့ ပြစ်မှုတွေကတော့ (၂၀၂၀) အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှု(၃)မှု၊ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ (၂)ရက်က လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ ဇူလိုင်(၂၄)ရက်က မုဒိမ်းမှု(၂)မှု၊ သြဂုတ်လ(၂၃)ရက်က မုဒိမ်းမှု(၂)မှုတို့ဖြစ် တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ မန်စီးတီး နောက်ခံလူဟာ ချက်ရှိုင်းယားရှိ ပတ်စ်ဘူရီမှာ နေထိုင်နေတာ ဖြစ်ပြီး နောက်ထပ်ရုံးချိန်း အကြိုကြားနာမှုအတွက် ဇန်နဝါရီ(၂၄)ရက်အထိ အာမခံရရှိထားဖြစ်ပါတယ်။ ဘယ် နောက်ခံလူ မန်ဒီဟာ (၂၀၁၇) က မိုနာကိုကနေ မန်စီးတီးအသင်းကို ပေါင်(၅၂)သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။

မန်ဒီဟာ သြဂုတ်(၂၆)ရက်က ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှုတွေအတွက် တရားစွဲဆိုခံခဲ့ရကာ အာမခံ အတွက်တော့ (၃)ကြိမ်တိုင်တိုင်ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီး အသင်းကတော့ မန်ဒီကို အခုလို စွဲချက် တင်ခံရပြီးတည်းက အသင်းမှာ ဆိုင်းငံ့ထားတာပါ။ မန်ဒီဟာ မန်စီးတီး အသင်းအတွက် ပြိုင်ပွဲစုံ(၇၅)ပွဲပါဝင် ကစားထားပြီး (၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ မန်ဒီဟာ အခုရာသီအစက ပရီးမီးယားလိဂ် ချန်ပီယံအသင်း အတွက် (၂)ပွဲ ပါဝင်ကစားခဲ့သေးတာပါ။

မန်ဒီဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း (၁၀)ပွဲပါဝင်ကစားထားပြီး (၂၀၁၈) ကမ္ဘာ့ဖလားရ လက်ရွေးစင် အသင်းလူစာရင်းမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

Source: BBC