CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁

အာဆင်နယ်အသင်းဟာ ကလပ်ဘရုဂျ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်နိုင်ဖို့ နီးစပ်သွားခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်၊ လိဒ်စ်၊ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့ ပြီးနောက် ဥရောပပြိုင်ပွဲ အဖွင့်ပွဲစဉ် ၆ ပွဲစလုံး အနိုင်ရရှိတဲ့ ပဉ္စမမြောက် အင်္ဂလိပ် ကလပ်အသင်း ဖြစ်ခဲ့ပါတယ်။ 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ထိပ်ဆုံး ၈ သင်းက အလိုအလျောက် တက်ခွင့်ရမှာဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အဆင့် ၉ နေရာက လီဗာပူးလ်အသင်းကို ၆ မှတ်ဖြတ်ထားတာပါ။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်မှာ အနိမ့်ဆုံး တစ်မှတ်ရတာနဲ့ ၁၆ သင်းအဆင့်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ်

ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာချိန်မှာ အာဆင်နယ်အသင်း ပရိသတ်အချို့ရဲ့ ဝေဖန်မှု တွေ ခံခဲ့ရတဲ့ တောင်ပံကစားသမား မာဒူအက်ကေဟာ ဒီပွဲမှာ ခြေစွမ်းပြသပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာက မှော်ဆန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ မာဒူအက်ကေကို ချီးကျူး ခဲ့ပြီး အသင်းမှာ ရှေ့တန်း ကစားသမားအချို့ ပြန်ပါဝင်လာနိုင်တဲ့အတွက် ပျော်ရွှင်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ရက်ပေါင်း ၃၃၂ ရက်အကြာမှာ အာဆင်နယ်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂျီးဆပ်စ် ပြန်ပါဝင် ကစားနိုင်တာကြောင့် အားလုံးဝမ်းသာနေပြီး သူဟာ ဒီလိုပုံစံအတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် အသင်းအတွက် တစ်ခုခု ယူဆောင်လာပေးမှာဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်း ဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN