CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
ဘီလ်ဘာအိုအသင်းဟာ ချန်ပီယံလိဂ် League Phase အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူး အင်ယာကီဝီလီယံစ်က အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ဖလားရနိုင်ဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်သင့်တယ်လို့ ပြောခဲ့ပါတယ်။
အင်ယာကီဝီလီယံစ်က “ကျနော်တို့ဟာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ရတာကြောင့် ပွဲရလဒ်က ဘယ်လိုမျိုး ဖြစ်ခဲ့လဲ ဆိုတာ ထင်ဟပ်နေမှာ မဟုတ်ပါဘူး။ အဆုံးမှာတော့ အာဆင်နယ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်း အစားဆုံး အသင်းတွေထဲက တစ်သင်းပါပဲ။ ကျနော်တို့ တိုက်ပွဲဝင်ပြီး အရာအားလုံးကို ပေးခဲ့ပေမယ့် ဖြစ်မလာခဲ့ ပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ကို ယှဉ်ပြိုင်ဖို့ လာခဲ့တာဖြစ်လို့ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိ အောင် လုပ်သွားမယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာခဲ့တဲ့ မာတင်နယ်လီနဲ့ ထရော့ဆာဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဘီလ်ဘာအိုအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ရမှတ်အပြည့် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပြီး ဒီရာသီမှာ ဆုဖလားရ ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ဒီအချိန်မှာ ဘီလ်ဘာအိုအသင်း တိုက်စစ်မှူး အင်ယာကီဝီလီယံစ်က အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းလို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက လူစားလဲ ဝင်ရောက်လာပြီး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ မာတင်နယ် လီနဲ့ ထရော့ဆာဒ်တို့ကို ချီးကျူးခဲ့ပြီး ပွဲထွက် ကစားသမားတွေထက် အဆုံးသတ် ပိုင်းကောင်းမွန်တဲ့ သူတွေဟာ ပိုပြီး အရေးပါလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်လိဂ်ပွဲစဉ် အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro