CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇

ယူနိုက်တက်အသင်း ဂိုးသမားသစ် လမ်းမန်းစ်ရဲ့ အစ်ကိုဖြစ်သူက သူ့ရဲ့ညီ အိုးထရက်ဖို့ဒ်ထံ ပြောင်းခဲ့တဲ့အပေါ် သံသယရှိပြီး ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့တာက ပိုပြီးအကျိုးရှိမယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံ ဂိုးသမား လမ်းမန်းစ်ကို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အန့်ဝါတ် အသင်းကနေ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဂိုးသမားသစ် တစ်ဦးခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ဘယင်ဒါနဲ့ အိုနာနာတို့ရဲ့လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် ဂိုးသမားသစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ဘယင်ဒါကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး လမ်းမန်းစ်က အရန်ခုံပေါ်မှာ သာ ရှိနေခဲ့တာပါ။ 

လမ်းမန်းစ်ကို တွေ့ရစဉ် 

လမ်းမန်းစ်က သူဟာ ဘယင်ဒါရဲ့နေရာကို အစားထိုး ဝင်ရောက်ပြီး ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

လမ်းမန်းစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်း အများအပြားရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ 

လမ်းမန်းစ်ရဲ့အစ်ကိုကတော့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့အပေါ် စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

တွမ်လမ်းမန်းစ်က “ဂါလာတာစာရေးမှာဆိုရင် ဆုဖလားတွေရယူဖို့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာ သူ့ရဲ့ လက်စွမ်းကို ချက်ချင်း သက်သေပြသခွင့်ရမှာပါ။ ယူနိုက်တက်ထံ ပြောင်းခဲ့တဲ့အပေါ် သံသယရှိပြီး ဘာလို့လဲဆိုရင် ဒီနေရာမှာ ကစားသမား အများအပြားဟာ ဖိအားတွေနဲ့ အရှုံးပေးခဲ့ရပြီး သူတို့ရဲ့ အလားအလာ အပြည့်အဝကို မရောက်နိုင်လို့ပါ။ ဒါပေမယ့် သူက ဒါကိုဆုံးဖြတ်ခဲ့တာပါ။ ယူနိုက်တက်က သူ့အတွက် အကောင်းဆုံး ခံစားချက် တွေ ပေးပါတယ်”လို့ Het Nieuwsblad ကို ပြောခဲ့တာပါ။ 

လမ်းမန်းစ်အနေနဲ့ လာမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source: Metro