CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
လေဗာကူဆင်အသင်းကနေ ထုတ်ပယ်ခြင်း ခံထားရတဲ့ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းဟောင်း တွေထဲက တစ်သင်းဖြစ်တဲ့ တွမ်တီးအသင်းထံ ပြန်သွားဖို့ ငြင်းပယ်ခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် နွေရာသီမှာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ကာ လေဗာကူဆင်အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် လိဂ်ပွဲစဉ် ၂ ပွဲကိုင် တွယ် အပြီးမှာ ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။
Telegraaf က အဲရစ်တန်ဟတ် ကစားသမားအဖြစ် ၃ ကြိမ် ကစားခဲ့တဲ့ တွမ်တီးအသင်းဟာ သူ့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။
တွမ်တီးအသင်းဟာ နည်းပြဖြစ်သူနဲ့ လမ်းခွဲပြီးနောက် နည်းပြသစ် ပြန်လည်ခန့်အပ်ရခြင်း မရှိသေးတာပါ။
ဒါပေမယ့် အဲရစ်တန်ဟတ်ကတော့ မကြာမီမှာ အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှု ရရှိလာနိုင်တာကြောင့် မွေးရပ်မြေထံ မပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် လျော်ကြေးအဖြစ် ယူရို ၆ သန်း ဝန်းကျင် ရရှိထားတာပါ။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
တွမ်တီးအသင်းဟာ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်မပြေတာကြောင့် နစ္စတယ်ရွိုင်းဘက် ကို မြှားဦးလှည့်ဖို့ ရှိနေပါတယ်။
အဲရစ်တန်ဟတ် ထုတ်ပယ်ခံရချိန်မှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်း ဟာ တွမ်တီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။
နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့နွေရာသီက လက်စတာအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် လက်ရှိအချိန်မှာ အသင်း လက်မဲ့ ဖြစ်နေတဲ့အတွက် တွမ်တီးအသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာနိုင် ပါတယ်။
တွမ်တီးအသင်းဟာ ဒီရာသီ ဒတ်ချ် လိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရကာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal