CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄
ဘရာဇီးလ်ဂိုးသမား အီဒါဆန်က သူဟာ မန်စီးတီးအသင်းမှာ မပျော်ရွှင်တော့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ဖီနာဘာချီအသင်းထံ မပြောင်းရွှေ့မီ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အီဒါဆန်က “ပြီးခဲ့တဲ့ရာသီမှာ ကျနော် ထွက်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါက ရာသီတွင်းမှာ ကျနော့်ရဲ့ စွမ်းဆောင်ရည်ကို အနည်းငယ် သက်ရောက်မှု ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျနော် ဒဏ်ရာ ၅ ခုရခဲ့ပြီး အကောင်းဆုံး အနေအထား မရှိခဲ့ပါဘူး။ အသင်းဘက်ကသာ သဘောတူရင် ထွက်ခွာဖို့အတွက် မိသားစုနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ပြီးသားပါ။ ဒီပြောင်းလဲမှုကို လိုအပ်ပြီး မပျော်ရွှင်ဘူးဆိုရင် အသင်းကြီး တစ်သင်းမှာ ရှိနေတာဟာ အဓိပ္ပါယ်မရှိပါဘူး”လို့ ပြောခဲ့တာပါ။
အီဒါဆန်ဟာ မန်စီးတီးအသင်းမှာ ၈ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၈ ခု ရယူနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အီတလီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူအပြီးမှာ နည်းပြဂွာဒီယိုလာရဲ့ လက်အောက်မှာရှိခဲ့တဲ့ အီဒါဆန်ရဲ့ အချိန်တွေဟာ ကုန်ဆုံးသွားခဲ့တာပါ။
အီဒါဆန်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အီဒါဆန်ကို တွေ့ရစဉ်
အီဒါဆန်ဟာ လက်ရှိအချိန်မှာ အပြောင်းအလဲတွေကြောင့် ကောင်းမွန်စွာ ခံစားနေရပြီး စိန်ခေါ်မှု အသစ်နဲ့အတူ ပျော်ရွှင်နေသလို အနိုင်ရဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။
အီဒါဆန်ဟာ ဖီနာဘာချီအသင်း ကစားသမားဘဝ အစပိုင်းမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် နောက်ပိုင်းမှာ လက်စွမ်းပြသနိုင်ခဲ့တဲ့အတွက် နိုဝင်ဘာ နိုင်ငံတကာပွဲစဉ်တွေမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ခေါ်ယူခြင်း ခံခဲ့ရတာပါ။
၂၀၂၄ ခုနှစ် နောက်ပိုင်းမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ရခြင်း မရှိသေးတဲ့ အီဒါဆန်ဟာ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ခွင့်ရနိုင်ဖို့ မျှော်လင့်နေပါတယ်။
အီဒါဆန်ဟာ ဘရာဇီးလ်အသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၉ ကိုပါအမေရိကဖလား ရယူထားပါ တယ်။
Source:independent
