CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄
နော်ဝေအသင်းဟာ အက်စ်တိုးနီးယားအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ပိုပြီးနီးစပ်သွားခဲ့ပါတယ်။
နော်ဝေအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အီတလီအသင်းကို ၃ မှတ်ဖြတ် ထားသလို ဂိုးကွာခြားချက်မှာလည်း အများအပြား အသာရရှိထားပါတယ်။
နော်ဝေနဲ့ အီတလီအသင်းတို့ဟာ လာမယ့်နိုဝင်ဘာ ၁၆ ရက်မှာ ထိပ်တိုက်တွေ့ဆုံကြရမှာပါ။
အီတလီအသင်းဟာ ဒီပွဲစဉ်မှာ နော်ဝေအသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရမှသာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတဲ့ အီတလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိနိုင်ဖို့ ပစ်မှတ် ထားနေတာပါ။

နော်ဝေအသင်းကို တွေ့ရစဉ်
ဒါပေမယ့် အီတလီအသင်းဟာ နော်ဝေအသင်းကို ဂိုးပြတ် အနိုင်ရလဒ် မရယူနိုင်ဘူးဆိုရင် ပလေးအော့ဖ် အဆင့် ကနေသာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
အက်စ်တိုးနီးယား အသင်းနဲ့ပွဲစဉ်မှာ နော်ဝေအသင်းအတွက် ၂ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ၁၄ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပဇုန်ကနေ တိုက်ရိုက် ဝင်ခွင့်ရရှိထားတဲ့အသင်း ၂ သင်း ထွက်ပေါ်ထားပြီး ဒီအသင်းတွေကတော့ အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ ဖြစ်ပါတယ်။
Source: ESPN
