CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄
ဘရာဇီးလ်နဲ့ ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာက တစ်နေ့မှာ Ballon d'Or ဆုရချင်တဲ့ ရည်မှန်းချက် အတွက် သူ့ရဲ့အချိန်ရောက်ရှိလာမယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ GQ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ရာဖင်ညာက “အနာဂတ်မှာ Ballon d'Or ဆုကို ကျနော်ရဖို့ အခွင့်အရေး ရှိလာမယ်လို့ ကျနော်ထင်ပါတယ်။ ဘောလုံးဟာ လည်ပတ်နေပြီး ကျနော့်ရဲ့ ရည်မှန်းချက်အသစ်ကို ရောက်ဖို့အတွက် နှစ်ပေါင်းများစွာ ရှိနေသေး တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ပဉ္စမနေရာရခဲ့တာကို ဖိအားလို့မမြင်ဘဲ စိတ်ကို လှုံ့ဆော်မှုအဖြစ် ကျနော် မြင်ပါတယ်။ ကျနော့်ရဲ့ အလားအလာကို ကျနော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။
ရာဖင်ညာဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်း ပြည်တွင်း ဆုဖလားတွေ ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။

ရာဖင်ညာကို တွေ့ရစဉ်
ဒါပေမယ့် ရာဖင်ညာဟာ ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲမှာ နံပါတ် ၅ နေရာ သာရခဲ့တာ ဖြစ်ပါတယ်။
ရာဖင်ညာကတော့ သူဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ Ballon d'Or ဆုကို ရရှိလိမ့်မယ်ဆိုတာ ယုံကြည်မှု ရှိကြောင်း ပြောခဲ့ပါတယ်။
ရာဖင်ညာဟာ ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် ဘာစီလိုနာအသင်းအတွက် ၇ ပွဲသာ ပါဝင်ကစားနိုင်ပြီး ၃ ဂိုး သွင်းယူထားတာပါ။
ဘာစီလိုနာအသင်းဟာ ရာဖင်ညာကို နိုဝင်ဘာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ကစားမယ့် ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာက ရီးရယ်လ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဘာစီလိုနာအသင်းဟာ ၄ ပွဲ ကစားထားပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: besoccer
