CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅

ခရိုအေးရှားအသင်းဟာ ဖာရိုးကျွန်းစုအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီဖြစ်ပြီး ဖာရိုးကျွန်းစုအသင်းကတော့ သူတို့ရဲ့ ခြေစစ်ပွဲ မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။ 

ဒီပွဲမှာ ဖာရိုးကျွန်းစုအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့တာကို ခရိုအေးရှားအသင်းက အနောက်ကနေလိုက်ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

ခရိုအေးရှားအသင်းဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်ကစားဖို့ ကျန်ရှိသေးပေမယ့် ဒုတိယနေရာ က ချက်အသင်းကို ၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ခရိုအေးရှားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားခဲ့တာပါ။ 

ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့ပါတယ်။ 

ခရိုအေးရှားအသင်းကို တွေ့ရစဉ်

ခရိုအေးရှားအသင်း နောက်ခံလူ ဂျီဗာဒီယောလ်က သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ နောက်ဆုံး ပွဲကိုလည်း ၃ မှတ်ရယူနိုင်ဖို့ သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ခရိုအေးရှားအသင်း ခေါင်းဆောင် မိုဒရစ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။

ဖာရိုးကျွန်းစုအသင်းနည်းပြက ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုကြောင်းနဲ့ သူတို့ဟာ ဖာရိုးကျွန်းစုလို သေးငယ်တဲ့ နိုင်ငံဖြစ်တာကြောင့် အဓိကပြိုင်ပွဲမှာ ဒီလိုနိုင်ငံတွေကို အမြဲတမ်း အားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဖာရိုးကျွန်းစုအသင်းဟာ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၈ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ တတိယနေရာသာ ရပ်တည်ခဲ့ပြီး ချက်အသင်းက အုပ်စုဒုတိယနေရာနဲ့ play-offs ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပဇုန်ကနေ အင်္ဂလန်၊ ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ထားတာ ဖြစ်ပါတယ်။ 

Source: BBC