CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃
တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ LAFC အသင်း ကနေ အငှားနဲ့ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကို ငြင်းဆန်ခဲ့ပြီး အသင်းမှာပဲ ဆက်ပြီးရှိသွားမယ်လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ဆောင်းရာသီ အပြောင်းအရွှေ့အတွက် ဘယ်ကလပ်နဲ့မှ စကားမပြောဖူးပါဘူး။ ဒီလိုပြောဆိုမှု တွေက လုံးဝ မမှန်ကန်ပါဘူး။ ကျနော်ဟာ LAFC ကနေ ဆောင်းရာသီမှာ ထွက်ခွာမှာ မဟုတ်သလို ဒီမှာရှိနေတဲ့ အချိန်အတွင်း ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ ဒီကလပ်ကို အလွန်လေးစားသလို ဒီတံဆိပ်ကို ဝတ်ဆင်ထား သရွေ့ ထွက်ခွာတာမျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ ဒီကလပ်ကို ကျနော်ချစ်သလို ဒီမှာရှိတဲ့လူတိုင်းကိုလည်း လေးစားပါတယ်”လို့ TV Chosun ကို ပြောခဲ့တာပါ။
ဆယ်စုနှစ်ကြာ ကစားခဲ့တဲ့ စပါးအသင်းကနေ ထွက်ခွာပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်မှာ LAFC အသင်းထံ ပြောင်းရွှေ့ ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ထွက်ပေါ်နေတဲ့ ထင်ကြေးသတင်းတွေကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲဟာ မကြာမီ ပြီးဆုံးတော့မှာ ဖြစ်တာကြောင့် ကစားသမားအချို့ဟာ ဥရောပ ကလပ် အသင်းတွေထံ ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေကြတာပါ။
ဆွန်ဟောင်မင်ကတော့ လက်ရှိကစားနေတဲ့ အသင်းအပေါ်သာ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပြောထား ပါတယ်။
ဒါ့ပြင် ဆွန်ဟောင်မင်က မေဂျာလိဂ်ပြိုင်ပွဲရာသီသစ်မစတင်မီမှာ အပြည့်အဝအနားယူပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အကောင်းဆုံး အခြေအနေမှာ ရှိနေဖို့ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ LAFC အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုးသွင်းယူကာ အသင်းကို မေဂျာလိဂ် ဖလား Conference semifinal အဆင့် ရောက်ရှိအောင် ပို့ဆောင်ထားတာပါ။
LAFC အသင်းဟာ Conference semifinal ပွဲစဉ်အဖြစ် ဗန်ကူးဗားအသင်းနဲ့ နိုဝင်ဘာ ၂၂ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
