CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၃
တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က စပါးအသင်းမှာ သူဆက်ရှိနေတဲ့ ကြီးမားတဲ့အကြောင်း ရင်းက အခြားသူတွေ မအောင်မြင်နိုင်ခဲ့တဲ့အရာကို လုပ်ချင်တာကြောင့်လို့ ဖွင့်ဟခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ကျနော်တို့ဟာ ဒီအကြောင်းကို နှစ်အတော်ကြာအောင်ပြောနေခဲ့ပါတယ်။ စပါးအသင်းမှာ ဆက်ရှိနေတဲ့ ကြီးမားတဲ့အကြာင်းရင်းက အခြားသူတွေ မအောင်မြင်နိုင်ခဲ့တဲ့ အရာကိုလုပ်ချင်တာကြောင့်ပါ။ ပဟေဠိကို ပြီးမြောက်ဖို့ အပိုင်းအားလုံးလိုအပ်ပြီး ကျနော်တို့ဟာ အခြားအပိုင်းတွေအားလုံးကို စုစည်းပြီးပါပြီ။ အရေးကြီးဆုံးဖြစ်တဲ့ နောက်ဆုံးအပိုင်းက ပျောက်ဆုံးနေပြီး ဒါကိုရှာဖွေဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကြိုးစား နေတာပါ။ အခုအချိန်မှာ ဒါကိုအပြီးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်အလွန်အနိုင်ရချင်ပြီး ကောင်းမွန်စွာ ပြင်ဆင်ရင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း”The Guardian ကို ပြောခဲ့တာပါ။
ဒဏ်ရာကြောင့် တစ်လကျော်ကြာအနားယူခဲ့ရတဲ့ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ စပါး အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းမှာ ၂၀၁၅ ခုနှစ်ကတည်းက ရှိနေခဲ့တဲ့ ဆွန်ဟောင်မင်ဟာ အသင်းနဲ့အတူ ကြီးကြီးမားမားအောင်မြင်မှုအဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲကိုသာ တက်ရောက်နိုင်ခဲ့ပြီး ဆုဖလားတော့ ရယူနိုင်ခြင်းမရှိသေးပါဘူး။
အဲဒါကြောင့် ဆွန်ဟောင်မင်က ဒီရာသီမှာ စပါးအသင်းနဲ့ ဆုဖလားရယူပြီး ဆုဖလားမရယူနိုင်သေးတာကို အဆုံးသတ်ချင်နေပါတယ်။
စပါးအသင်းဟာ ၂၀၀၈ ခုနှစ်က လိဂ်ဖလားရယူပြီးနောက် နှစ်ပေါင်း ၁၇ နှစ်ကြာဆုဖလားနဲ့ ဝေးကွာနေတာပါ။
အဲဒါကြောင့် ဆွန်ဟောင်မင်က စပါးအသင်းကို ဆုဖလားရယူပေးနိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။
စပါး အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်အလွန်ဆိုးရွားနေပေမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုရယူနိုင်ခဲ့ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
စပါးအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal