CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂

ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးပြိုင်ပွဲလို့ အတည်ပြုခဲ့ပါတယ်။

ဆော်ဒီနိုင်ငံမှာ ကျင်းပတဲ့ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ရော်နယ်လ်ဒိုကို Video Call နဲ့ အင်တာဗျူး ပြုလုပ်ချိန် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဟုတ်၊မဟုတ် မေးမြန်းခဲ့တာပါ။

ရော်နယ်လ်ဒိုက “သေချာပေါက်၊ ဟုတ်ပါတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျနော်အသက် ၄၁ နှစ်ရှိပြီ ဖြစ်လို့ပါ။ ကျနော်ဟာ ဘောလုံးအတွက် အရာအားလုံးပေးခဲ့ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်မှာ ဘောလုံးလောကထဲကို ရောက်လာခဲ့တာပါ။ ကျနော်ဟာ နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေအတွက် အရာအားလုံးလုပ်ခဲ့ပြီး မတူညီတဲ့ အခြေအနေတွေမှာ မှတ်တမ်းတွေ အများကြီးရှိခဲ့ပါတယ်။ ကျနော် အလွန်ဂုဏ်ယူပြီး ဒီအခိုက်အတန့်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းမယ်”လို့ ဖြေခဲ့ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၅၃ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒို အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၄၃ ဂိုး သွင်းယူထားပြီး အမျိုးသားလက်ရွေးစင် ကစားသမားတွေ ထဲမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ 

ရော်နယ်လ်ဒိုက သူဟာ လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းမှာ အနားယူမယ်လို့လည်း ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ နဲ့ နေးရှင်းလိဂ်ဖလား ၂ ကြိမ်ရရှိအောင် ကူညီပေးထား နိုင်ပေမယ့် ကမ္ဘာ့ဖလားကတော့ သူ့ရဲ့ ဆုဖလား ခန်းမထဲမှာ ပျောက်ဆုံးနေတဲ့ အဓိက ဆုဖလားတစ်ခုပါ။ 

ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေ ကစားမယ့် ပေါ်တူဂီအသင်းနဲ့ လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အသင်းဟာ လာမယ့် အိုင်ယာလန်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရတာနဲ့ ခြေစစ်ပွဲ အောင်မြင်ပြီ ဖြစ်ပါတယ်။

 Source: BBC