CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁

လီဗာပူးလ်အသင်းကြယ်ပွင့် ချီယေဆာဟာ နိုဝင်ဘာထဲကစားမယ့် မောလ်ဒိုဗာ၊ နော်ဝေအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အီတလီလက်ရွေးစင်အသင်းရဲ့ ခေါ်ယူမှုကို ငြင်းဆန်ခဲ့ပါတယ်။ 

ချီယေဆာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့် မရသေးပေမယ့် ပါဝင်ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အကောင်းဆုံးကြိုးစားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ 

အီတလီအသင်းနည်းပြ ဂတ်တူဆိုဟာ ချီယေဆာကို ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေအတွက် ခေါ်ယူချင်ခဲ့ပေမယ့် သူကတော့ နိုင်ငံအသင်းအတွက် ကိုယ်စားပြုမယ့် အခွင့်အရေးကို ထပ်မံငြင်းပယ်ခဲ့တာပါ။ 

ချီယေဆာဟာ ဂတ်တူဆိုရဲ့ ခေါ်ယူမှုကို ငြင်းပယ်တာ ပထမဆုံးအကြိမ် မဟုတ်ဘဲ အရင်ကလည်း ငြင်းဆန်ခဲ့ သေးတာ ဖြစ်ပါတယ်။ 

 ချီယေဆာကို တွေ့ရစဉ်

ဂတ်တူဆိုကတော့ သူဟာ ချီယေဆာနဲ့ မကြာခဏ စကားပြောဖြစ်ပြီး တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြဿနာတွေကို လေးစားရမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဂတ်တူဆိုက ကစားသမားဟာ သူ့ကို ဘာပြောခဲ့လဲဆိုတာ လေးစားရမှာဖြစ်ပြီး ဆုံးဖြတ်ချက်တိုင်းက ကစားသမားဆီကနေ လာတာလို့ ထပ်ပြောခဲ့ပါတယ်။ 

ချီယေဆာဟာ ဆွစ်ဇာလန်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ အီတလီ အသင်းအတွက် နောက်ဆုံး ပါဝင်ကစားထားတာပါ။ 

ချီယေဆာဟာ ဒီပြိုင်ပွဲ အပြီးမှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ ချီယေဆာဟာ အီတလီအသင်းအတွက် ၅၁ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းယူကာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ 

အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုမှာ နော်ဝေအသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာ ရပ်တည်နေပြီး အနိမ့်ဆုံး ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal