CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂

ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီအသင်း ၃ ကြိမ်ဆက်တိုက် လွဲချော်ခဲ့ပြီးနောက် အီတလီနိုင်ငံရဲ့ အားကစားဝန်ကြီး က အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာကို ရာထူးကနေ နုတ်ထွက်ဖို့ ပြောခဲ့ပါတယ်။ 

အားကစားဝန်ကြီး အန်ဒရီအက်ဘိုဒီက “အီတလီဘောလုံးကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်ဆို တာ လူတိုင်းသိပါတယ်။ အဲ့ဒီ လုပ်ငန်းစဉ်ကို FIGC မှာ ခေါင်းဆောင်မှု အသစ်နဲ့ စတင်ဖို့လို အပ်တယ်လို့” ပြောခဲ့ တာပါ။ 

အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယား အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ကမ္ဘာ့ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတဲ့ အီတလီအသင်းဟာ ၂၀၁၄ ပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာပါ။ 

အီတလီအသင်းကို တွေ့ရစဉ်

၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ အီတလီဘောလုံးအဖွဲ့ချုပ် အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ဂရာဗီနာကတော့ ရာထူးကနေ နုတ်ထွက်မှာ မဟုတ်သေးပေမယ့် လာမယ့် အပတ်ထဲပြုလုပ်မယ့် ဘုတ်အဖွဲ့အစည်းအဝေးမှာ သူ့ရဲ့ ရာထူးကို ဆက်ထိန်းထားဖို့ ရှိ၊မရှိ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။ 

ဂရာဗီနာဟာ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအတွက် ရွေးကောက်ပွဲအသစ် တစ်ခု ကျင်းပဖို့ တောင်းဆို နိုင်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ 

အီတလီအသင်းနည်းပြ ဂတ်တူဆိုဟာ နိုင်ငံအသင်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက် တဲ့ မေးမြန်းမှုတွေကို ဖြေခဲ့ရှင်းမရှိဘဲ စာချုပ်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ကုန်ဆုံးမှာပါ။ 

ဂရာဗီနာကတော့ ဂတ်တူဆိုကို အီတလီအသင်း နည်းပြအဖြစ် ဆက်ထိန်းထားချင်ကြောင်း ပြောခဲ့ပါတယ်။ 

အီတလီအသင်းဟာ စက်တင်ဘာလ ရောက်မှသာ နေးရှင်းလိဂ်ပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN