CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
လီဗာပူးလ်အသင်း တိုက်စစ်မှူး ချီယေဆာဟာ အီတလီ လက်ရွေးစင် အသင်းအတွက် ပြန်ပါဝင်ဖို့ သူအဆင်သင့် မဖြစ်သေးဘူးဆိုပြီး ဝန်ခံခဲ့တယ်လို့ နည်းပြဂတ်တူဆိုက ပြောခဲ့ပါတယ်။
ဂတ်တူဆိုက “ကျနော် ဖီဒီ(ချီယေဆာ)နဲ့ စကားပြောခဲ့ပါတယ်။ သူဟာ ပြန်လာဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ခံစားနေရပြီး ၁၀၀ ရာခိုင်နှုန်း ဖြစ်ချင်နေပါတယ်။ ကျနော်တို့ အလွန်အေးဆေးစွာနဲ့ပဲ အတူတကွ ဆုံးဖြတ်ခဲ့ပါ တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ ချီယေဆာဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လီဗာပူးလ် အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် အီတလီလက်ရွေးစင်အသင်း လူစာရင်းထဲ ပြန်ပါဝင်နိုင်တယ်လို့ အကောင်းမြင်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ချီယေဆာဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့ ထုတ်ပြန်ခဲ့တဲ့ နည်းပြဂတ်တူဆိုရဲ့ ပထမဆုံး အီတလီအသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။
ချီယေဆာကို တွေ့ရစဉ်
အီတလီအသင်း နည်းပြသစ် ဂတ်တူဆိုဟာ ခြေစစ်ပွဲအတွက် လူစာရင်း မထုတ်ပြန်မီ ချီယေဆာနဲ့ တိုက်ရိုက် စကားပြောပြီး အတူတူ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အီတလီအသင်း လူစာရင်းနဲ့ တစ်နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ချီယေဆာဟာ နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်ချိန် အတွင်း သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ခြေစွမ်းပိုင်း တသမတ်တည်း ရှိနေဖို့အတွက် လီဗာပူးလ်အသင်းမှာ အလုပ်ကို ပြင်းပြင်း ထန်ထန် လုပ်သွားဖို့ ရှိနေတာပါ။
ချီယေဆာဟာ အီတလီအသင်း ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တုန်းက တောက်ပခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေ၊ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် လက်ရွေးစင်အသင်းရဲ့ ပွဲတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
ချီယေဆာဟာ အီတလီအသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတာပါ။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၅ ရက်မှ အက်စ်တိုးနီးယား၊ ၈ ရက်မှာ အစ္စရေးအသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: Goal