CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁

အက်သလက်တီကိုအသင်း ကစားသမားတွေဖြစ်တဲ့ အယ်လ်ဗာရက်ဇ်၊ မိုလီနာနဲ့ ဆီမြွန်နီတို့ဟာ အန်ဂိုလာနိုင်ငံ အတွင်းထံ ဝင်ရောက်ဖို့ အဝါရောင် အဖျား ကာကွယ်ဆေး ထိုးခြင်းဆိုင်ရာ လိုအပ်ချက်တွေ မပြည့်မီတာကြောင့် အန်ဂိုလာအသင်းနဲ့ ခြေစမ်းမယ့် အာဂျင်တီးနားအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)က ဒီကစားသမား ၃ ဦးဟာ အဝါရောင် အဖျား ကာကွယ်ဆေးနဲ့ ဆက်စပ် နေတဲ့ မဖြစ်မနေ ပြုလုပ်ရမယ့် ကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေကို ပြုလုပ်ရခြင်း မရှိသေးဘူးလို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

အဲ့ဒါကြောင့် အန်ဂိုလာနိုင်ငံထံ ထွက်ခွာမယ့် အာဂျင်တီးနားအသင်း လူစာရင်းမှာ အယ်လ်ဗာရက်ဇ်၊ မိုလီနာနဲ့ ဆီမြွန်နီတို့ လိုက်ပါနိုင်မှာ မဟုတ်ပါဘူး။

သူတို့ ၃ ဦးဟာ အန်ဂိုလာအသင်းနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်မှာ မဟုတ်သလို အလီကန် တီမှာ ပြုလုပ်မယ့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ဖွယ် ရှိ/မရှိလည်း မသေချာဘူးလို့ သိရပါတယ်။ 

အာဂျင်တီးနားအသင်း ယှဉ်ပြိုင်နေစဉ်

အာဂျင်တီးနားအသင်းဟာ သူတို့တွေရဲ့ နေရာမှာ မက်အလစ္စတာနဲ့ ဘူအန်ဒီယာတို့ကို လူစာရင်းထဲ အားဖြည့်ခဲ့ တာပါ။ 

ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်လည်း အာဂျင်တီးနားအသင်း လူစာရင်းကနေ နုတ်ထွက် ကြောင်း AFA က အတည်ပြုခဲ့ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာ သူခံစားနေရတဲ့ ဒူးဒဏ်ရာကနေ အပြည့်အဝ ပြန်ပြီးကောင်းမွန်ဖို့အတွက် အနားယူဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ နိုဝင်ဘာ ၁၄ ရက်မှာ အန်ဂိုလာအသင်းနဲ့ ခြေစမ်းပွဲပြီးရင် မတ်လရောက်မှ နိုင်ငံတကာ ပွဲစဉ်တွေပြန်ပြီး ကစားရမှာပါ။

အာဂျင်တီးနားအသင်းဟာ မတ်လမှာ စပိန်အသင်းနဲ့ ၂၀၂၆ Finalissima ပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: besoccer