CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀
ပြင်သစ် လီဂူး-၁ ထိပ်သီးကလပ် လိုင်ယွန်အသင်းဟာ ရီးရယ်လ်အသင်း တိုက်စစ်မှူး အန်းဒရစ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
လိုင်ယွန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ချင်နေတဲ့ အန်းဒရစ် အတွက် ရီးရယ်လ်အသင်းကို အငှားခေါ်ယူခ ပေးသွားမှာဖြစ်သလို သူ့ရဲ့လစာ တစ်စိတ်တစ်ပိုင်းနဲ့ ၆ လ စာချုပ် ကမ်းလှမ်းထားပါတယ်။
ဝက်စ်ဟမ်းအသင်း အပါအဝင် အင်္ဂလန်ကလပ်တွေနဲ့ အခြား ဥရောပအသင်း အများအပြားဟာ အန်းဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လိုင်ယွန်အသင်းကတော့ သူတို့ဟာ အန်းဒရစ်ရဲ့ ဦးစားပေး ရွေးချယ်မှု ဖြစ်တယ် လို့ ယုံကြည်ထားတာပါ။
အန်းဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် တစ်မိနစ်မှ ပါဝင်ကစားရခြင်း မရှိသေးတာကြောင့် စိတ်ပျက် နေပြီး ဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

အန်းဒရစ်ကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုကတော့ အန်းဒရစ်အနေနဲ့ ပွဲကစားခွင့်ရဖို့ အတွက် စိတ်ရှည်ပြီး စောင့်ဆိုင်းဖို့ သတိပေးထားတာပါ။
ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာ ကိုင်တွယ်နေတဲ့ လိုင်ယွန်အသင်းဟာ ဒီရာသီလီဂူး-၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နေပြီး အဆင့် ၁ နေရာက PSG အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် လိုင်ယွန်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့် နိုင်ပွဲရရှိထားကာ ဒီရာသီ အကောင်းဆုံး ရလဒ်တွေ ပိုင်ဆိုင်ထားတာပါ။
အန်းဒရစ်ကတော့ ဒုတိယရာသီဝက်မှာ သူ့အတွက် ပွဲကစားချိန် ပိုမိုရရှိနိုင်မယ့် အသင်းကို ရှာဖွေနေပြီး အသင်း အများအပြားရဲ့ ဆွဲဆောင်မှုကို ခံနေရပါတယ်။
ပါလ်မီးရပ်စ်ကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်းဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ၃၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail
