CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ 

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အနိုင်ရပြီး ရလဒ်ကောင်းတွေ ပြန်ရရှိနေတဲ့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဖလားကို ရရှိနိုင်တယ်လို့ ကစားသမားဟောင်းဖြစ်သူ နာနီက ပြောခဲ့ပါတယ်။ 

နာနီက “ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ သူတို့ဟာ ခိုင်မာတဲ့အသင်းကို တည်ဆောက်နေပြီး ဇယားထိပ်မှာ အမြဲတမ်းရှိနေတဲ့ အာဆင်နယ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်မှုထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ အခုအချိန်မှာ အဲ့ဒီနေရာကို ရောက်ရှိနေပါပြီ။ သူတို့မှာ အလား အလာ ကောင်းတွေ ရှိပါတယ်။ လာမယ့် ပွဲစဉ်အနည်းငယ်မှာ သူတို့အနိုင်ရရင် အရာအားလုံး ပြောင်းလဲသွားနိုင် ပါတယ်။ ပွဲတွေသာ ဆက်ပြီးအနိုင်ယူနိုင်ရင် ဒီနှစ် မဟုတ်ရင်တောင် လာမယ့်ရာသီအတွက် ယုံကြည်မှုရနိုင်တ ယ်”လို့ ယူနိုက်တက်ရဲ့ အမှတ်ပေးဖလား အခွင့်အရေးနဲ့ ပတ်သက်ပြီး Covers.com နဲ့ အင်တာဗျူးမှာ ပြောခဲ့ တာပါ။ 

ယူနိုက်တက်အသင်းဟာ ရာသီအစတုန်းက ဂရင်မ်စဘီအသင်းကို အရေးနိမ့်ကာ ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲ အပါအဝင် အဖွင့်ပွဲ ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့အထိ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ 

အဲ့ဒါကြောင့် နည်းပြအာမိုရင်ဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေ အများအပြား ခံစားခဲ့ရတာပါ။ 

နာနီကို တွေ့ရစဉ် 

ဒါပေမယ့် ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ဆန်းဒါးလန်း၊ လီဗာပူးလ်နဲ့ ဘရိုက်တန် အသင်းတို့ပွဲစဉ်တွေမှာ နိုင်ပွဲတွေရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း နိုင်ပွဲရယူကာ သူတို့ရဲ့နိုင်ပွဲဆက်မှု မှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

ယူနိုက်တက် ကစားသမားဟောင်း နာနီက အသင်းဟာ လက်ရှိသွားနေတဲ့ ပုံစံကို ဆက်ထိန်းနိုင်ရင် ပရီးမီးယား လိဂ်ဖလားကို ရရှိဖို့ အခွင့်အရေး ရှိနိုင်တယ်လို့ ယုံကြည်မှုရှိနေပါတယ်။ 

ဒါ့အပြင် နာနီက ကလပ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိတဲ့အတွက် အချိန်လိုအပ်ပြီး အာမိုရင်ဟာ နည်းပြ ကောင်း တစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာက တစ်ဖက်မှာ အသင်းအတွက် အထောက်အကူ ဖြစ်စေခဲ့ပေမယ့် ပရိသတ်တွေ အတွက်တော့ ကိုယ့်အသင်းကို ဥရောပပြိုင်ပွဲမှာ မမြင်တွေ့ရတာ စိတ်ပျက်ကြတယ်လို့ နာနီက ပြောခဲ့ပါတယ်။ 

Source: Goal