CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ဘောလွန်းဒီအောဆု နှစ်ကြိမ်ရခဲ့တဲ့ ဘရာဇီးလ်ဂန္တဝင် ကစားသမားကြီး ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား ၄ ဦးကို ရွေးချယ်ပေးသွားခဲ့ပါတယ်။
၎င်းဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ ရီးရယ်လ်အသင်းကို မပြောင်းရွှေ့ခင် ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတွေမှာ ကစားခဲ့ပြီး နာမည်ကျော်ခဲ့သူပါ။ သူဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားတော့ တကြိမ်မှ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားချန်ပီယံဆု(၃)ကြိမ်ရခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင် ခဲ့ပါတယ်။ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားနဲ့ပတ်သက်ပြီး ရော်နယ်ဒိုရဲ့သဘောထားကို မေးမြန်းခဲ့ ရာမှာ ၎င်းက ကစားသမား လေးဦးရဲ့ အမည်တွေကို ပြောသွားခဲ့တာပါ။
ပုံ - ကမ္ဘာကျော် ဘောလုံးသမားများဖြစ်တဲ့ ပီလီနဲ့ မာရာဒိုနာ(ဓါတ်ပုံ-mainchi)
ရော်နယ်ဒိုက “ကျနော့်အတွက် သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေကတော့ ပီလီ၊ မာရာဒိုနာ၊ မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒို တို့ဖြစ်ပါတယ်။သူတို့ဟာ ဘောလုံးသမိုင်းရဲ့ ထိပ်ဆုံးကစားသမားလေးဦးပါပဲ” လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နာမည်ကြီးကစားသမားတချို့ကို မရွေးချယ်ခဲ့တဲ့အပေါ်မှာ ပရိသတ်အချို့က သဘောမကျပေမယ့် ဘရာဇီးလ်ကစားသမားဟောင်းရဲ့ ရွေးချယ်မှုဟာ အလွန်ခိုင်မာတဲ့ ကစားသမားလေးဦးကို ရွေးချယ်ခဲ့တာပါ။
ဒါ့အပြင် ရော်နယ်ဒို က “CR7 အတွက် ကျနော်က ရော်နယ်ဒို အစစ်ဆိုတာကို ကြားရတာ ပျင်းဖို့ကောင်းပါတယ်။ လူတွေကို နှိုင်းယှဉ်လို့မရပါဘူး။ ခရစ္စတီယာနိုဟာ ဂိုးတွေသွင်းဖို့နဲ့ အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် ဘောလုံး သမိုင်းမှာ ဆက်ရှိနေဦးမှာပါ။ သူဟာ မက်ဆီလိုပဲ အကောင်းဆုံးတွေထဲက တဦးအဖြစ် ဆက်ရှိနေမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ပုံ - ကမ္ဘာကျော် ဘောလုံးသမားများဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မက်ဆီ(ဓါတ်ပုံ-UEFA)
ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်မှုမျိုးကို ပြသခဲ့ကြသူတွေပါ။ မက်ဆီက ဘောလွန်းဒီအောဆုကို (၇) ကြိမ်ရယူထားတာဖြစ်ပြီး ရော်နယ်ဒိုက (၅)ကြိမ် ရရှိထားကာ လက်ရှိဘောလုံးလောကရဲ့ အအောင်မြင်ဆုံးကစားသမားတွေ အဖြစ်လည်း ရပ်တည်နေကြတာ ဖြစ်ပါတယ်။
Source: Sport skeeda