CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်က သူဟာအလုပ်ကို အကောင်းဆုံးလုပ်နိုင်ဖို့ပဲ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
နီကိုလက်စ်ဂျက်ဆန်က “ကျနော့်မှာ နေရာရဖို့ ပြိုင်ဆိုင်နေတာ မရှိပါဘူး။ အားလုံးက အသင်းကို ကူညီဖို့ဒီမှာ ရှိနေတာပါ။ လူတိုင်းမှာ သူတို့ရဲ့ အခန်းကဏ္ဍရှိပြီး ကျနော့်မှာလည်း မစ်ရှင်ရှိပါတယ်။ ကျန်တာတွေက နည်းပြရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ အခုအချိန်မှာ အလုပ်ကိုပဲ အာရုံစိုက်မှာဖြစ်သလို အကောင်းဆုံး ပြင်ဆင်မှု တွေ ပြုလုပ်သွားမယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီလပ်နဲ့ ပတ်ဒရိုတို့ကို ခေါ်ယူထား တာကြောင့် နီကိုလက်စ်ဂျက်ဆန်ကို ရောင်းချဖို့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။
ဂျက်ဆန်ကို တွေ့ရစဉ်
ဂျက်ဆန်ဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်း မရှိသလို ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ အနီကတ် ၂ ကြိမ် ပြသခံထားရတာကြောင့် ဝေဖန်မှုတွေ ခံနေရတာပါ။
ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဂျက်ဆန်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ သတ်မှတ်ထားပါတယ်။
၂၀၂၃ ခုနှစ်က ဗီလာရီးရယ်လ်အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နီကိုလက်စ်ဂျက်ဆန်ဟာ ချယ်လ်ဆီး အသင်းအတွက် ပွဲပေါင်း ၈၁ ပွဲ ပါဝင်ကစားထားပြီး ၃၁ ဂိုးသွင်းယူထားတာပါ။
ဆီနီဂေါ တိုက်စစ်မှူးက ချယ်လ်ဆီးအသင်းမှာ ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး ဘောလုံးမှာ အတက်၊အကျရှိပြီး ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ ဆုဖလား ၂ ခု ရယူနိုင်ခဲ့တယ်လို့ ပြောခဲ့ပါ တယ်။
ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း ရာသီကြို ပြင်ဆင်မှုတွေကို ပြန်လည် စတင်မှာဖြစ်ပြီး လေဗာကူဆင်၊ အေစီမီလန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Metro