CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆

ပြင်သစ်လီဂူး-၁ ကလပ် လိုင်လီအသင်းဟာ ပြင်သစ်တိုက်စစ်မှူးဟောင်း ဂီရော့ဒ်ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။

အေစီမီလန်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး မေဂျာလိဂ်ကလပ် LAFC အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၃၈ နှစ် အရွယ်ရှိ ဂီရော့ဒ်ဟာ မေဂျာလိဂ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။ 

ဂီရော့ဒ်ဟာ LAFC အသင်းအတွက် မေဂျာလိဂ်ပွဲပေါင်း ၂၀ ပါဝင် ကစားအပြီးမှာ ၃ ဂိုးသွင်းယူထားပါတယ်။ 

ဂီရော့ဒ်နဲ့ LAFC ရဲ့စာချုပ်ဟာ ၂ဝ၂၅ ရာသီကုန်အထိ သက်တမ်းရှိနေပေမယ့် ၂၀၂၆ အထိ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေတာပါ။

ဂီရော့ဒ်ကို လိုင်လီအသင်းက ချဉ်းကပ်မှု ပြုလုပ်ခဲ့တာကို ပထမဆုံး ဖော်ပြခဲ့တာက L’Equipe က ဖြစ်ပါတယ်။ 

ဒီအပြောင်းအရွှေ့သာ ဖြစ်ခဲ့ရင် ဂီရော့ဒ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြင်သစ်လိဂ်မှာ ပြန်လည် ကစားရမှာပါ။ 

 ဂီရော့ဒ်ကို တွေ့ရစဉ်

ဂီရော့ဒ်ဟာ ၂၀၁၂ ခုနှစ်က မောင့်ပယ်လီယာအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

လိုင်လီအသင်းဟာ တိုက်စစ်မှူး ဂျွန်နသန်ဒေးဗစ်ကို ဆုံးရှုံးရမှာဖြစ်လို့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဂီရော့ဒ်ကို ပစ်မှတ်ထားနေပါတယ်။

လိုင်လီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၅ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့လို့ လာမယ့် ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာပါ။ 

ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ဖလား အပါအဝင် ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရရှိထားတာဖြစ်ပါတယ်။

Source: ESPN