CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်ဖြစ်တဲ့ ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ 

အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာကို ခံစားခဲ့ရလို့ ဆေးရုံတက်ရောက် ကုသမှုတွေခံယူခဲ့ရတဲ့ ဘတ်ပီဟာ ဗုဒ္ဓဟူးနေ့က ရီးရယ်လ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့တာပါ။ 

ဒါပေမယ့် ဘတ်ပီဟာ ဆဲလ်ဘတ်အသင်းနဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် ရီးရယ်လ်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ 

ဘတ်ပီဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံးလည်း မပါဝင်နိုင်ခဲ့တာကြောင့် ရီးရယ်လ်အသင်း အတွက် အုပ်စုပွဲတွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတာပါ။

ဘတ်ပီကို တွေ့ရစဉ်

ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုက “သူ့ကို ကွင်းထဲမှာ မြင်တွေ့ရတာ ကျနော် ဝမ်းသာပေမယ့် သူဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိသေးပါဘူး။ ကျနော်တို့အတွက် လိုအပ်တဲ့ ပြိုင်ဆိုင်မှုအဆင့်မှာ ကစားဖို့ သူ အနည်းငယ် အားနည်းနေပါတယ်။ ကျနော်တို့ စကားပြောခဲ့ပြီး သူကလည်း အကောင်းဆုံးဖြစ်အောင် ဦးစားပေး လုပ်နေပါတယ်။ ကျနော်တို့ ၁၆ သင်းအဆင့် တက်နိုင်ရင်တော့ သူပါဝင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၅၆ ပွဲ ပါဝင် ကစားထားပြီး ၄၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားပြီး ဆဲလ်ဘတ် အသင်းနဲ့အတူ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ 

ရီးရယ်လ်အသင်းဟာ ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်မှာ အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ရင် ၁၆ သင်းအဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ 

Source: ESPN