CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
ရီးရယ်လ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပြီးနောက် နည်းပြဇာဘီအလွန်ဆိုက စိတ်ရှည်ဖို့ တောင်းဆိုခဲ့ပြီး သူလုပ်ချင်တဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်ဖို့ အချိန်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ဇာဘီအလွန်ဆိုက “ကျနော်တို့ဟာ ဒီပွဲမှာ ပထမပိုင်းထက် ဒုတိယပိုင်းမှာ ပိုပြီးကောင်းခဲ့ပါတယ်။ ကျနော်တို့ဟာ အပြုသဘောဆောင်တဲ့ အရာတွေကိုယူပြီး တိုးတက်ဖို့ကြိုးစားရပါမယ်။ အချိန်ယူရမယ်ဆိုတာ ကျနော် သိပါ တယ်။ အရာအားလုံးက အချိန်ယူရပြီး ကျနော်တို့ဟာ လေ့ကျင့်မှု ပြုလုပ်တာ ၉ ရက်ပဲ ရှိသေးသလို ကစားသမား အချို့ဆိုရင် လေ့ကျင့်ခန်းအစီအစဉ် ၃ ခုပဲ ရှိပါသေးတယ်။ ကျနော်တို့အနေနဲ့ လုပ်ချင်တဲ့ အပြောင်းအလဲအတွက် အချိန်ယူရမယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဂါစီယာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရူဘင်နာဗက်စ်က အယ်လ်ဟီလယ် အသင်းအတွက် ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲစဉ်ရဲ့မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ အနိုင်ဂိုး ရနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် ဗယ်လ်ဗာဒီရဲ့ ကန်သွင်းမှုကို အယ်လ်ဟီလယ်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ အဖွင့်ပွဲစဉ်မှာ သရေနဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်း နည်းပြသစ် ဇာဘီအလွန်ဆိုဟာ ဒီပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့ နောက်ခံလူ အာနိုးလ်နဲ့ ဟိုက်ဆန်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီကုန်မှာ အန်ဆယ်လော့တီရဲ့ နေရာအစားထိုး တာဝန်ယူခဲ့တဲ့ ဇာဘီအလွန်ဆိုဟာ ရီးရယ်လ်အသင်း ကို ဇွန်လ ၉ ရက်ကမှ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဇာဘီအလွန်ဆိုက သူလုပ်ချင်တဲ့ အပြောင်းအလဲတွေအတွက် အချိန်ယူရမယ်လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းနဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ ဖျားနာမှုကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ရီးရယ်လ်အသင်းနည်းပြဇာဘီအလွန်ဆိုက ပါချူကာအသင်းနဲ့ အုပ်စုဒုတိယမြောက်ပွဲစဉ်မှာ ဘတ်ပီ ပါဝင်နိုင်ဖွယ် ရှိ/မရှိ စောင့်ကြည့်ရဦးမယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN