CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈

လိုက်ပ်ဇစ်အသင်းဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ နယ်သာလန်ကြယ်ပွင့် ဇာဗီဆိုင်မွန်ကို နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး အများအပြားနဲ့ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ 

The Athletic က ဇာဗီဆိုင်မွန်ဟာ အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာချင်ကြောင်း လိုက်ပ်ဇစ်အသင်းကို အသိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇာဗီဆိုင်မွန်က လိုက်ပ်ဇစ်အသင်းမှာ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့် ပြီးဆုံးသွားပြီလို့ ယုံကြည်နေပြီး အသင်းက လည်း စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေတဲ့သူ့ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချတာက အကောင်းဆုံး ဖြစ်တယ်လို့ လက်ခံထားတာပါ။

ဇာဗီဆိုင်မွန်ဟာ လိုက်ပ်ဇစ်အသင်းကို ၂၀၂၃ ခုနှစ် နွေရာသီက PSG အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဇာဗီဆိုင်မွန်ကို တွေ့ရစဉ်

လိုက်ပ်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၇ နဲ့ ရာသီ အဆုံးသတ်ခဲ့ပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ဆုံးရှုံးကာ ဆိုးရွားတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာပါ။ 

လိုက်ပ်ဇစ်အသင်းဟာ ဇာဗီဆိုင်မွန်ကို ရောင်းချဖို့ ရည်ရွယ်ထားပေမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ထက်ပိုတဲ့ ကမ်းလှမ်းမှုတွေကိုသာ ကြည့်သွားဖို့ရှိနေပါတယ်။ 

အဲဒါကြောင့် ဇာဗီဆိုင်မွန်အနေနဲ့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ့် အသင်းတွေနဲ့ပတ်သက်ပြီး လိုက်ပ်ဇစ် အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမှာပါ။ 

အသက် ၂၂ နှစ်အရွယ်ရှိ ဇာဗီဆိုင်မွန်ဟာ လိုက်ဇစ်အသင်းအတွက် ၇၆ ပွဲ ကစားထားပြီး ၂၁ ဂိုးသွင်းယူကာ ၂၃ ဂိုး ဖန်တီးထားပြီး စူပါဖလား ၁ ကြိမ် ရရှိထားပါတယ်။ 

ဇာဗီဆိုင်မွန်ဟာ နယ်သာလန် လက်ရွေးစင်အသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

Source: Goal