CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
စပါးအသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဆော်ဒီ ပရိုလိဂ် ကလပ်အသင်း ၃ သင်းက စိတ်ဝင်စားနေပါတယ်။
စပါးအသင်းဟာ လာမယ့် နွေရာသီမှာ ဆွန်ဟောင်မင်ကို အလွတ်နဲ့ဆုံးရှုံးရမှာ ဖြစ်တာကြောင့် ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချပြီး ပြောင်းရွှေ့ကြေးရယူဖို့ ဆန္ဒရှိနေတာပါ။
talkSPORT က ဆော်ဒီပရိုလိဂ် အသင်းတွေဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်ကတ်ဆီယာနဲ့ အယ်လ်နာဆာအသင်း တို့ဟာ ဆွန်ဟောင်မင်ကို ခေါ်ယူချင်နေတယ်လို့ ဖော်ပြထားပါတယ်။
အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားတဲ့ အယ်လ်အာလီအသင်းဟာ သူတို့ရဲ့ ဘယ်အခြမ်း တိုက်စစ်ကို အားကောင်းအောင် ပြုလုပ်ချင်နေတာပါ။
ဆော်ဒီတာဝန်ရှိသူတွေက ဆွန်ဟောင်မင်ကို အယ်လ်အာလီအသင်း ဦးစားပေး ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွား မယ်လို့ သိရပါတယ်။
ဆော်ဒီကလပ်အသင်း ၃ သင်းစလုံးဟာ ဆွန်ဟောင်မင်အတွက် ယူရိုသန်း ၄၀ အသုံးပြုဖို့ အဆင်သင့် ဖြစ်နေတာ ပါ။
ဆွန်ဟောင်မင်ကို တွေ့ရစဉ်
စပါးအသင်းဟာ သြဂုတ် ၃ ရက် ဆိုးလ်မှာ နယူးကာဆယ်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိနေတဲ့အတွက် ဆွန်ဟောင်မင်ကို ဒီပွဲမှာ အသုံးပြုနိုင်ဖို့ စီစဉ်ထားပါတယ်။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ သူ့ရဲ့အနာဂတ်ကို နွေရာသီ အပြောင်းရွှေ့ဈေးကွက်ရဲ့ နောက်ဆုံး ရက်သတ္တပတ် အနည်းငယ်မှသာ ဆုံးဖြတ်နိုင်မှာပါ။
လာမယ့်ဇူလိုင်မှာ အသက် ၃၃ နှစ်ပြည့်တော့မယ့် ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို ယူရိုပါလိဂ် ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇ ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၄၅၄ ပွဲ ပါဝင်ကစားထားပြီး ၁၇၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal