CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄

ရီးရဲလ်အသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့် ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲအတွက် ပြင်သစ်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ 

ဘတ်ပီဟာ ဒဏ်ရာကြောင့် ရီးရဲလ်နဲ့ အသလက်တီကိုအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် လိုင်လီအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင် ခဲ့တာပါ။ 

ဒါပေမယ့် နည်းပြ ဒက်ချမ့်စ်ဟာ ဘတ်ပီနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် အစ္စရေး၊ဘယ်လ်ဂျီယံ အသင်းတို့နဲ့ ကစားမယ့်ပွဲတွေအတွက် ပြင်သစ်လူစာရင်းမှာ ရွေးချယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ 

ဒက်ချမ့်စ်က “ကျနော် ဘတ်ပီနဲ့ စကားပြောခဲ့ပါတယ်။ သူ့မှာ အရမ်းကြီးမပြင်းထန်တဲ့ ပြဿနာရှိနေပါတယ်။ အဲဒါကြောင့် ကျနော်စွန့်စားပြီးအသုံးမပြုချင်လို့ လူစာရင်းမှာ သူ့ကို မရွေးချယ်ခဲ့တာ”လို့  သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ဒီရာသီကစားထားတဲ့ ၁၀ ပွဲမှာ ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ 

ပြင်သစ် အသင်းရဲ့လူစာရင်းမှာ ချယ်လ်ဆီးအသင်းက အန်ကွန်ကူပြန်ပါဝင်လာခဲ့ပေမယ့် ကန်တီကတော့ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။ 

ပြင်သစ်အသင်းဟာ အစ္စရေးအသင်းနဲ့ အောက်တိုဘာ ၁၀ ရက် အဝေးကွင်းကစားရမှာဖြစ်ပေမယ့် လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဘူဒါပက်မှာ ကစားရမှာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းဟာ ဒီပွဲအပြီး ၄ ရက်အကြာမှာ ဘယ်လ်ဂျီယံအသင်းနဲ့ ဘရက်ဆဲလ်မှာ ယှဉ်ပြိုင်ရမှာပါ။ 

ပြင်သစ်အသင်းဟာ နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်ရရှိထားတာဖြစ်ပါတယ်။ 

Source:BBC