CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈

ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီအကုန်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပီဟာ ပြင်သစ်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေခဲ့ပြီး အခုမှ အသင်းနဲ့ ပူးပေါင်း နိုင်ခဲ့တာပါ။ 

ဘတ်ပီနဲ့အတူ ရီးရယ်လ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ဘယ်လင်ဂမ်၊ ဗယ်လ်ဗာဒီ၊ ကာဗာဂျဲလ်၊ ချူအာမန်နီ၊မန်ဒီနဲ့ ကာမာဗင်ဂါတို့လည်း အတူပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ နည်းပြ အန်ဆယ် လော့တီ၊အသင်းဖော်အချို့နဲ့အတူ စကားပြောနေချိန်မှာ ပြုံးရွှင်နေခဲ့တာပါ။

ဒီကစားသမား ၇ ဦးဟာ ကြံ့ခိုင်မှုပိုင်းကို အဓိကလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 

သူတို့တွေဟာ ကြာသပတေးနေ့ ကစတင်ပြီး အမေရိကန်ရာသီကြိုခရီးစဉ်ကနေ ပြန်ရောက်ရှိလာခဲ့တဲ့ အသင်းဖော်တွေနဲ့ ပူးပေါင်းလေ့ကျင့်သွားဖို့ ရှိနေတာပါ။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းနဲ့ ပထမဆုံးအကြိမ်လေ့ကျင့်မှုပြုလုပ်တဲ့ပုံတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာ မှာ “Day One,Hala Madrid” ဆိုတဲ့ စာသားရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ်။ 

ဘတ်ပီဟာ ဇူလိုင် ၁၆ ရက်က ရီးရယ်လ်အသင်းရဲ့ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခြင်းခံခဲ့ရပေမယ့် ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းခေါင်းဆောင်ဟာ အတ္တလန်တာ အသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ရှိနေတာပါ။

နည်းပြ အန်ဆယ်လော့တီက “ဘတ်ပီဟာ စူပါဖလားပွဲစဉ်မှာ ရီးရယ်လ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားနိုင်ပါတယ်။ ဘယ်လင်ဂမ်နဲ့ အခြားသူတွေလည်းပါဝင်နိုင်ပါတယ်။ သူတို့ဟာ ပြင်ဆင်ထားသလို အစီအစဉ်လည်း ရှိပြီးသား ဖြစ်လို့ ပါဝင်ကစားကြမှာပါ”လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၅ ရက်မှာ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘတ်ပီအနေနဲ့ ရီးရယ်လ်ကစားသမားဘ၀ ပထမဆုံးပွဲမှာ ပထမဆုံးဥရောပဖလားကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။ 

Source:DailyMail