CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၈

အာဆင်နယ်အသင်းနည်းပြ အာတီတာက လေဗာကူဆင်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစွမ်းပွဲက အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောလိုက်ပြီး ဒီပွဲကနေ အကောင်းမြင်တဲ့အရာတွေ အများကြီး ယူနိုင်ခဲ့တယ် လို့လည်း ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ဟာ ဒီပွဲကနေ ရလဒ်ရော အကောင်းမြင်တဲ့ အရာတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းရော အသင်းလိုက်မှာရော အကောင်းမြင်တဲ့ ရှုထောင့်တွေ အများကြီးရှိခဲ့ပါတယ်။ ဒီပွဲကနေ သင်ယူ စရာတွေလည်း ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာဆိုရင် ကျနော်တို့ဟာ အပြောင်းအလဲတွေလုပ်ခဲ့ပြီး ပိုကောင်းလာနိုင် တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောပါတယ်။ 

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လေဗာကူဆင်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဇင်ချန်ကို၊ ထရိုဆာ့ဒ်၊ ဂျီးဆပ်စ်နဲ့ ဟာဗက်ဇ်တို့က သွင်းယူခဲ့ပြီး လေဗာကူဆင်အသင်းအတွက် ချေပဂိုးကို အဒမ်က သွင်းယူခဲ့တာပါ။

လန်ဒန်ကလပ်ဟာ ရာသီကြိုခြေစမ်းပွဲ ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အရေးနိမ့်ပြီး ရလဒ်ကောင်းတွေ ရရှိထားတာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ တင်ဘာနဲ့ ကစားသမားသစ် ကာလာဖီအိုရီတို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ 

အာတီတာကို တွေ့ရစဉ်

အာဆင်နယ်အသင်းနည်းပြ အာတီတာက တင်ဘာဟာ ခြေထောက်ဒဏ်ရာ ရရှိနေပြီး ကာလာဖီအိုရီကတော့ အသင်းသစ်နဲ့ အသားကျဖို့ လုပ်ဆောင်နေကာ လာမယ့် ခြေစမ်းပွဲမှာ မိနစ်အနည်းငယ် ပါဝင်နိုင်ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှ အာဆင်နယ်အသင်းအတွက် လူစားဝင်ကစားခဲ့တဲ့ ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ဟာ ရာသီသစ်အတွက် အဆင်သင့် ဖြစ်နေမယ်လို့လည်း အာတီတာက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်ခင် သြဂုတ် ၁၁ ရက်မှာ လိုင်ယွန်အသင်းနဲ့ အီးမရိတ်စ်ဖလားပွဲစဉ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: ESPN