CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
ရီးရယ်လ်အသင်းရဲ့ အပြောင်းအရွှေ့ ချဉ်းကပ်မှုတွေ ခံနေရတဲ့ အင်္ဂလန်ကြယ်ပွင့် စကယ်လီဟာ အာဆင်နယ် အသင်းနဲ့ နှစ်ကာလရှည် စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ စကယ်လီဟာ အခုအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံနေရတာပါ။
အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင်ကစားထားတဲ့ စကယ်လီဟာ ပြီးခဲ့တဲ့ရာသီက အသင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၂ ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်နိုင်အောင် အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။
စကယ်လီဟာ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကို ရီးရယ်လ် အသင်းက နှစ်သက်နေပြီး သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း ကစားသမား အများအပြားကို အသင်းထံ လာရောက်အောင် ဆွဲဆောင်နိုင်ကြောင်း သက်သေပြသထားပါတယ်။
ဂါဘရီရယ်လ်ကို တွေ့ရစဉ်
ဒါပေမယ့် စကယ်လီကတော့ အာဆင်နယ်အသင်းမှာပဲ သူ့ရဲ့ကစားသမားဘဝကို နှစ်ကာလရှည်ကြာ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာပါ။
စကယ်လီဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်အတွက် ရက်သတ္တပတ် အတော်ကြာ ဆွေးနွေးနေခဲ့ပြီး အခုအချိန်မှာ သဘောတူညီမှု ရရှိခဲ့တာကြောင့် မကြာမီမှာ စာချုပ်သစ်ကို တရားဝင် ကြေညာဖွယ် ရှိနေပါတယ်။
စကယ်လီဟာ အာဆင်နယ်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် နည်းပြ တူချယ်လ် လက်ထက် အင်္ဂလန် အသင်းကြီး လူစာရင်းထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရတာပါ။
စကယ်လီဟာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ အယ်လ်ဘေးနီးယား အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ခံလူ ဂါဘရီရယ်လ်ကို စာချုပ်သက်တမ်း တိုးထားပြီး ဆာကာ၊ ဆာလီဘာ၊ ဝမ်နရီနဲ့ ထရော့ဆာ့ဒ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေပေမယ့် ပါတေးကိုတော့ စာချုပ်
သက်တမ်းတိုးဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
Source: metro