၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အတွက် ပြန်လည်မဲခွဲမှုကို အရှုပ်တော်ပုံလို့ အမည်တပ်လိုက်ကြောင်း ဂိုးလ်ကွန်းက အတည်ပြုလိုက်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အတွက် မဲခွဲမှုကို တနင်္လာနေ့က နီယွန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစောပိုင်း မဲခွဲခဲ့တုန်းက ရီးရယ်လ်အသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာ အသင်းနဲ့ တွေ့ဆုံခဲ့တာပါ။ အခြားပွဲစဉ် ၇ ခုကိုလည်း ပုံမှန်အတိုင်း မဲခွဲမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ မဲခွဲမှုတွေဟာ မသမာမှုတွေရှိတယ်ဆိုပြီး အသလက်တီကို အသင်း က ပြန်လည် စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာပါ။

ယူအီးအက်ဖ်အေဟာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် အစောပိုင်းမဲခွဲမှုဟာ ပျက်ပြယ်သွားခဲ့ပြီလို့ ကြေညာခဲ့ပြီး ပြန်လည်မဲခွဲမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံသွားခဲ့ တာပါ။

ရီးရယ်လ်အသင်းဟာ ဘင်ဖီကာနဲ့ တွေ့ဆုံတဲ့ မဲခွဲမှုအပြီးမှ ဒီလို ပြဿနာတွေ ဖြစ်လာတာကြောင့် ဒီပွဲကို ဒီအတိုင်းထားပေးဖို့ ယူအီးအက်ဖ်အေကို တောင်းဆိုခဲ့ပေမယ့် မဲပြန် လည်ခွဲခဲ့တဲ့အတွက် စိတ်ပျက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံး ပြဿနာကတော့ အုပ်စုတွင်းမှာ တွေ့ဆုံခဲ့တဲ့ ၂ သင်းဟာ ၁၆ သင်းအဆင့်မှာ ပြန်လည်တွေ့ဆုံခွင့် မရှိပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ဗီလာရီးရယ်လ်တို့ မဲခွဲရာမှာ တွေ့တာက စတင်ခဲ့တာပါ။ သူတို့ ၂ သင်း ပြန်လည် တွေ့ဆုံနိုင် ခြင်းမရှိတဲ့ မဲအိုးမှာ ထားရမှာဖြစ်ပေမယ့် ယူအီးအက်ဖ်အေက အမှားအယွင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုံ-ရီးရယ်လ်ဥက္ကဋ္ဌ ပီရတ်ဇ်။ (Getty Images)

နောက်ထပ် ပြဿနာတစ်ခုက အသလက်တီကိုအသင်း နာမည်ကြေညာလိုက်ချိန် တစ်ဖက်မဲအိုးမှာ မန်ချက်စတာယူနိုက် တက် အသင်း နာမည်ရေးထားတဲ့ ဘောလုံးမပါဝင်ခဲ့ပဲ တစ်အုပ်စုတည်းက လီဗာပူးလ်အသင်းကို ထည့်သွင်းခဲ့တာ ဖြစ်ပါ တယ်။

စပိန်ကလပ်ဟာ ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံသွားခဲ့တာပါ။ အသလက်တီကို အသင်းကတော့ ဒါဟာ မဲမသမာမှု ဖြစ်တယ်လို့ စောဒက တက်ခဲ့တာကြောင့် မဲခွဲပွဲကို ပြန် လည် ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

ရီးရယ်လ်ဥက္ကဋ္ဌ ပီရတ်ဇ်ကတော့ ဒီလိုမဲပြန်ခွဲတာကို ဆန့်ကျင်တယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။ ဥရောပ ထိပ်တန်း အသင်းကြီးတွေ ပါဝင်တဲ့ ဥရောပစူပါလိဂ် ပြိုင်ပွဲဆိုပြီး စတင်ပြုလုပ်ကတည်းက ရီးရယ်လ်နဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ဆက်ဆံ ရေးတွေဟာ တင်းမာခဲ့တာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း အဆင့်အတွက် နောက်ဆုံး မဲခွဲခဲ့ရာမှာတော့ ဆဲလ်ဘတ်နဲ့ ဘိုင်ယန်မြူးနစ်၊ စပို့တင်းနဲ့ မန်စီးတီး၊ ဘင်ဖီကာနဲ့ အေဂျတ်စ်၊ ချယ်လ်ဆီးနဲ့ လိုင်လီတို့ တွေ့ဆုံရမှာပါ။

နောက်ထပ် ပွဲစဉ်တွေကတော့ အသလက်တီကိုနဲ့ မန်ချက်စတာယူနိုက်တက်၊ ဗီလာရီးရယ်လ်နဲ့ ဂျုဗင်တပ်စ်၊ အင်တာမီလန်နဲ့ လီဗာပူးလ်၊ ပီအက်စ်ဂျီနဲ့ ရီးရယ်လ်အသင်းတို့ ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။

၁၆ သင်းအဆင့် ပွဲစဉ်တွေရဲ့ ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၅ ရက်၊ ၁၆ ရက်၊ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ကျင်းပ သွားမှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၈ ရက်၊ ၉ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ် ပါတယ်။

Source: Goal.com