၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ဝန်ထမ်း စုစုပေါင်း ၄၂ ဦးဟာ ပြီးခဲ့တဲ့အပတ်က ကိုဗစ်ကူးစက်ခံထားရတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ၇ ရက် ကာလအတွင်း ပရီးမီးယားလိဂ်မှာ အများဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ စမ်းသပ်မှု ၂၂၉၅ ခု ပြုလုပ်ခဲ့ပါတယ်။ဒီနောက်မှာတော့ ဒီဇင်ဘာ ၆ ရက်ကနေ ၁၂ ရက်အထိ နောက်ဆုံးစမ်းသပ်မှု ၃၈၀၅ ခု ပြုလုပ်ခဲ့ ပါတယ်။

နိုဝင်ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၅ ရက်အထိ စမ်းသပ်မှု ၃၁၅၄ ဦးမှာ ကိုဗစ်ကူးစက်သူ ၁၂ ဦးအထိ ရှိခဲ့ပြီး နောက်ထပ် ၃၀ ဦး ထပ်တိုးလာတာကြောင့် နောက်ဆုံး စမ်းသပ်မှုမှာ စုစုပေါင်း ၄၂ ဦးအထိ တွေ့ရှိခဲ့တာပါ။

ဘရိုက်တန်၊ စပါး၊ လက်စတာ၊ မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာနဲ့ နောဝစ်ချ်တို့ဟာ ကိုဗစ်ကူးစက်မှုတွေ ရှိနေတ ယ်လို့ အတည်ပြုထားတာပါ။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရိုက်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ စပါး အသင်းကလည်း အသင်းထဲမှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစား ရမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ပုံ- ပရီးမီးယားလိဂ် ကစားသမားများကိုတွေ့ရစဉ်။ (Sky News)

ကြာသပတေးနေ့က အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းသစ်တွေ ထွက်ပေါ်လာပြီးနောက် ပရီးမီးယားလိဂ်ဟာ ကလပ် အသင်းတွေကို လူစုလူဝေးနဲ့ ခပ်ခွာခွာနေဖို့၊ နှာခေါင်းစည်းတွေ ဝတ်ဆင်ခြင်း အပါအဝင် အရေးပေါ် အစီအမံတွေ ပြန်လည် လုပ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် PCR စမ်းသပ်မှု တွေ တိုးလာမယ်လို့လည်း ထုတ်ပြန်ထားတာပါ။

စပါး အသင်းဟာ ပြီးခဲ့တဲ့ အပတ်တည်းက ကိုဗစ်ပြဿနာတွေကြောင့် ရီးနတ်စ်နဲ့ ကစားရမယ့် ယူရိုပါကွန်းဖရန့်စ်လိဂ် အုပ်စု ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရသလို၊ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကိုလည်း ထပ်မံရွှေ့ ဆိုင်းခဲ့ရပါတယ်။

 

ဒါ့အပြင် လက်စတာအသင်းက ကစားသမားအချို့ကလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် နာပိုလီ အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အီတလီကို လိုက်ပါနိုင်ခဲ့ခြင်း မရှိတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းကလည်း ကိုဗစ် ကူးစက်မှု အန္တရယ်ကို လျှော့ချနိုင်ဖို့အတွက် သူတို့ရဲ့ လေ့ကျင့်ရေးကွင်းကို ၂၄ နာရီကြာ ပိတ်ခဲ့ပြီးနောက် ဘရန်ဖိုဒ့်နဲ့ ပွဲကိုပါ ရွှေ့ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာနည်းပြ ဂျရတ်က ကစားသမားအချို့နဲ့ ဝန်ထမ်းအချို့ဟာ ကိုဗစ်ကူးစက်မှု ခံခဲ့ရပေမယ့် အများစုကတော့ မတွေ့ရကြောင်း ပြောထားပါတယ်။ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကလည်း အသင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၃ ဦး၊ ၄ ဦး လောက်ရှိတယ်လို့ ပြောခဲ့တာပါ။

ဒါ့အပြင် ချန်ပီယံရှစ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ကျုပီအာအသင်းတို့ ပွဲမှာလည်း ကျုပီအာ အသင်းက ကိုဗစ် ဖြစ်ပွားမှုတွေကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Source: BBC