CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ မန်ချက်စတာယူနိုက်တက်အသင်း တိုက် စစ်ကစားသမား ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ပြောလိုက်ပါ တယ်။
ပေါလ်မာဆင်က ဘာနာဒိုဆေးလ်ဗားဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးပေါ်တူဂီ ကစားသမား ဖြစ်တယ်လို့ လည်း သုံးသပ်ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအတွက် ၇ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးထားခဲ့တာပါ။
ပေါ်တူဂီ ကစားသမားဟာ ဒီရာသီမှာ မန်စီးတီးအတွက် ခြေစွမ်း ပြသနေတာလည်း ဖြစ်ပါတယ်။ ပေါလ်မာဆင်က ဒီရာသီ ဘာနာဒိုဆေးလ်ဗားရဲ့ ခြေစွမ်းကို အလွန် သဘောကျနေတာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းက ရော်နယ်ဒိုထက် ပိုမိုသာလွန်တယ်လို့ ယုံကြည်နေတာပါ။
ပေါလ်မာဆင်က “ဘာနာဒိုဆေးလ်ဗားရဲ့ ကစားပုံဟာ ထိပ်တန်းအဆင့်မှာ ရှိနေပြီး သူ့ကိုယ်သူလည်း ကောင်းမွန်အောင် လုပ် ဆောင်နေပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပေါ်တူဂီ ကစားသမားလို့ ကျနော်ထင် ပါတယ်။ အဲ့ဒါနီးစပ်တာ မဟုတ်ဘူး ဖြစ်ကိုဖြစ်နေတာ”လို့ ပြောပါတယ်။
ဒါ့အပြင် ပေါလ်မာဆင်က “ဘာနာဒိုဆေးလ်ဗားဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရော်နယ်ဒိုလို အောင် မြင်မှုနဲ့ အတိုင်းအတာကို ဘယ်တော့မှ ရောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘာနာဒိုဆေးလ်ဗားကို ကျော်ပြီးကြည့်ဖို့ ခက်ခဲ မှာ ဖြစ်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဘာနာဒိုဆေးလ်ဗားဟာ အခုနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်စီးတီးအတွက် ခြေစွမ်းပြ ကစားနေခဲ့ တာကြောင့် ဘောလုံးဝေဖန်သုံးသပ်သူအချို့ရဲ့ သဘော ကျခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။
အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်တဲ့ ပေါလ်မာဆင်ဟာ မန်ချက်စတာယူနိုက်တက်ကို ရော်နယ်ဒို ပြန် ရောက်လာတည်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၃ မှတ်ရရှိစေမယ့် အဖိုးတန် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
အသက် (၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၁၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Mirror.co.uk