၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၁ ရက်က ကစားခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆူဇူကီးဖလားပွဲစဉ်မှာ ဂိုးပြတ် ရှုံးခဲ့ပြီးနောက် အုပ်စုကနေ ထွက်ရဖို့ သေချာသွားခဲ့ပေမယ့် ခက်ခဲတဲ့ အခြေအနေမှာ အသင်းရဲ့ တုံ့ပြန်ပုံကို နည်းပြ အန်တွမ်နီဟေးက ကျေနပ်နေတာ ဖြစ်ပါတယ်။
မြန်မာ အသင်းဟာ ထိုင်းအသင်းနဲ့ ပွဲမှာ ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်း ဒီပွဲ ရှုံးခဲ့တာ ကြောင့် အုပ်စုတွင်း ပွဲစဉ် ၃ ပွဲ ကစားပြီးအချိန်မှာ ၁ ပွဲနိုင် ၂ ပွဲ အရေးနိမ့်ထားပါ။ အဲ့ဒါကြောင့် အုပ်စုတွင်းမှာ ထိပ်ဆုံးနေရာက ၃ သင်းထက် ၁ ပွဲ ပိုကစားထားပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်း ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ ကစားဖို့ ၁ ပွဲ ကျန်ရှိသေးပေမယ့် အုပ်စုကနေ ထွက်ရဖို့ သေချာ သလောက် ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အန်တွမ်နီဟေးက “ရလဒ်ကိုတော့ ကျနော်တို့ စိတ်ပျက်မိပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုတော့ စိတ်မပျက်ပါ ဘူး။ ဒီအချိန်မှာ သူတို့ဟာ တက်နိုင်သလောက် လုပ်နေသလို တက်နိုင်သလောက်လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။ ထိုင်းနဲ့ ပွဲမှာဆိုရင် ကျနော်တို့မှာ ဗဟိုခံစစ်မှူးတွေ မရှိပါဘူး။ တိုက်စစ် ကစားသမား တစ်ဦးဆိုရင် ဘယ်နောက်ခံမှာပါ ကစားနေရ တယ်”လို့ ပြောပါတယ်။
ပုံ-မြန်မာနည်းပြ အန်တွမ်နီဟေးနဲ့ အဖွဲ့ကိုတွေ့ရစဉ်။(AFF Suzuki)
ဒါ့အပြင် အန်တွမ်နီဟေးက “ကျနော်တို့မှာ ကိုဗစ်ပြဿနာတွေ ပိုများလာတဲ့အတွက် ကစားသမားတွေဟာ အတက်နိုင်ဆုံး လုပ်ဆောင်နေကြတာပါ။ ကျနော့် ကစားသမားတွေဟာ ဒီပွဲမှာ ထိုင်းကိုပေးခဲ့ရတဲ့ ပင်နယ်တီဟာ မပေးသင့်ကြောင်းနဲ့ ဒါဟာ ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ ကျိန်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့တယ်ဆိုရင် ထိုင်းအတွက် ကံကောင်းတယ် လို့တောင် ပြောလို့ရပါတယ်”လို့ ပွဲအပြီးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအသင်း နည်းပြကတော့ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး ဒီပွဲမှာ ၂ ဂိုး သွင်းယူခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဒန်ဒါရဲ့ အရည်အသွေးတွေကိုလည်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအသင်းဟာ ဒီဇင်ဘာ ၁၄ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအနိုင်ရခဲ့ရင် အကြိုဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်မှာပါ။ မြန်မာအသင်းကတော့ ဒီဇင်ဘာ ၁၈ ရက်မှ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: Affsuzukicup.com