CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၂

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရာသီကြို ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ၄  ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို ဆန်ချို၊ ဖရက်ဒ်၊ မာရှယ် နဲ့ ပယ်လီစထရီတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး လီဗာပူးလ် အသင်းကတော့ အဓိက ကစားသမား အနည်း ငယ်နဲ့ လူငယ်ကစားသမားတွေကို ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးလ် အသင်းရဲ့ ဂိုးကန်သွင်းချက် အချို့ကို ဒီဂီယာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက် အသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ကစားချိန် အနည်းငယ်အကြာမှာ လီဗာပူးလ်အသင်းဟာ အဓိက ကစားသမားတွေကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ပိုမိုအားစိုက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က နောက်တစ် ဂိုးထပ်ရခဲ့ပြီး ပယ်လီစထရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ နှစ်သင်း စလုံး ဂိုးထပ် မသွင်းနိုင်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ရာသီကြိုကို အနိုင် နဲ့ စတင်ခဲ့ပါတယ်။