CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
၂၀၂၇ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ အာဖဂန်နစ္စတန်အသင်းတို့ ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲချိန် ၁၄ မိနစ်မှာ အာဖဂန်နစ္စတန်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့တာပါ။
မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၈ မိနစ်မှာ တိုက်စစ်မှူး သန်းပိုင်က မောင်မောင်လွင်ရဲ့ ဖန်တီးပေးမှု ကနေ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ မြန်မာနဲ့ အာဖဂန်နစ္စတန်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံးဟာ အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် ပွဲချိန်မိနစ် ၇၀ ကျော်အထိ ဂိုးမသွင်းနိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ အသင်းခေါင်းဆောင် မောင်မောင်လွင်က အဝေးကန်ချက်နဲ့ လှပတဲ့ဂိုးသွင်းပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့တာပါ။
အာဖဂန်နစ္စတန်အသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက်ပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဇင်ညီညီအောင်နဲ့ မြန်မာအသင်း ခံစစ်ကစားသမားတွေ အကောင်းဆုံး ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ပွဲအပြီးမှာ မြန်မာအသင်းဟာ အာဖဂန်နစ္စတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အဖွင့်ပွဲစဉ်မှာ ၃ မှတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။