CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄
အီတလီအစိုးရရှေ့နေတွေဟာ ဂျုဗင်တပ်စ် အသင်းကို ဆက်လက်စုံစမ်းမှု အစိတ်အပိုင်းအဖြစ် ဂျုဗင်တပ်စ်အသင်းရဲ့ ရုံးခွဲတွေ ကိုပါ ရှာဖွေမှုတွေ ပြုလုပ်ဖို့ အမိန့်ပေးထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။
ဒီထဲမှာ ရော်နယ်ဒိုကို ရောင်းချခဲ့တဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုလည်း စစ်ဆေးနေတယ်လို့ ကုမ္ပဏီက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဂျုဗင်တပ်စ်မှာရှိတဲ့ အကြီးတန်း မန်နေဂျာတွေဟာ ရင်းနှီးမြုပ်နှံသူ တွေကို မှားယွင်းတဲ့ ဆက်သွယ်မှုတွေ ပေးလားဆိုတာ စုံစမ်းနေကြတယ်လို့ တူရင်အစိုးရ ရှေ့နေတွေက ပြောထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အသင်းက ပြောကြားထားတာပါ။ တူရင် နဲ့ မီလန်မှာရှိတဲ့ အသင်းရုံးတွေကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ် သောကြာနေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကစားသမား တွေရဲ့ စာချုပ်များ၊ ပြေစာတွေနဲ့ ဘဏ္ဍာရေး ရှင်းတမ်းတွေကို သက်သေအဖြစ် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
ဂျုဗင်တပ်စ် အသင်းဟာ ဘဏ္ဍာရေး မျှခြေစည်းမျဉ်းကို လိုက်နာနိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အကြား အပြောင်းအရွှေ့ တန်ဖိုးတွေကို မှားယွင်းစွာ မှတ်တမ်းတင်ခဲ့လို့ ဖော်ပြထားပါတယ်။
ပုံ-ရော်နယ်ဒိုကိုတွေ့ရစဉ်(Daily Post)
အီတလီ အာဏာပိုင်တွေဟာ ဂျုဗင်တပ်စ်ဥက္ကဋ္ဌ အယ်လ်နယ်လီ၊ ဒုဥက္ကဋ္ဌ နတ်ဗတ် အပါအဝင် ဂျုဗင်တပ်စ်အသင်းရဲ့ အရာရှိ ၆ ဦးနဲ့အတူ အပြောင်းအရွှေ့တွေ၊ ပြေစာတွေ၊ ဘဏ္ဍာရေး ရှင်းတမ်းတွေနဲ့ ပတ်သက်တဲ့ ပြေစာတွေကို ယူသွားခဲ့တာပါ။ စပါး အသင်းရဲ့ အားကစား ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ပါရာတီချီလည်း စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
အီတလီ ဘောလုံးစောင့်ကြည့်ရေးအဖွဲ့နဲ့ ဘဏ္ဍာရေးထိန်းညှိသူအဖွဲ့တို့ဟာ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံထားပါတယ်။ စပါး အသင်းကို ပြောင်းခဲ့တဲ့ ရိုမဲရိုးရဲ့ အပြောင်းအရွှေ့ အပါအဝင် ဒန်နီလိုနဲ့ ကန်ဆယ်လိုတို့ရဲ့ အလဲအထပ် အပြောင်းအရွှေ့၊ မယ်လိုနဲ့ ယာနစ်တို့ရဲ့ အလဲအထပ် အပြောင်းအရွှေ့တွေဟာ ရဲတပ်ဖွဲ့က စိစစ်နေတဲ့ အပြောင်းအရွှေ့ ၄၂ ခုထဲမှာ ပါဝင်နေ တာ ဖြစ်ပါတယ်။
အီတလီရှိ စားသုံးသူ အခွင့်အရေး စောင့်ကြည့်အဖွဲ့ကတော့ ဂျုဗင်တပ်စ်အသင်းဟာ စီးရီးဘီကို တန်းဆင်းသွားနိုင်ကြောင်းနဲ့ ၂၀၂၀ ချန်ပီယံဆုဖလားပါ ဖယ်ရှားခံရနိုင်ကြောင်း ပြောထားတာပါ။
ဒီထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောင်းချခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့လည်း ပါဝင်နေတယ်လို့ သတင်း မှာ ဖော်ပြထားပါတယ်။ လာကာဇတ်တာဒယ်လိုစပေါ့ သတင်းမှာတော့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ဆက်စပ်ပြီး သီအိုရီ အရ မရှိသင့်ဘူးဆိုတဲ့ စာရွက်စာတမ်းတွေကို ဂျုဗင်တပ်စ် ဒါရိုက်တာတွေ စကားပြောခဲ့တဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးသူတွေက ဒါနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ စာရွက်စာတမ်းတွေကို ရှာမတွေ့သေး တာပါ။
ဂျုဗင်တပ်စ်ဒါရိုက်တာတွေကို အစိုးရရှေ့နေတွေက စုံစမ်းမေးမြန်းခဲ့ပြီး လက်ရှိအချိန်ထိ ရော်နယ်ဒိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ သဘောသဘာဝကို ရှင်းပြဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အတွက် ၁၃၄ ပွဲ ကစားပြီး ၁၀၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Source:Mailymail.com