CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃

ဒိန်းမတ်မီဒီယာဖြစ်တဲ့ BT က အဲရစ်ဆင်ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ်ဖြစ်တဲ့ အိုဒန့်စ်အသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ် နေတယ်လို့ ဖော်ပြလိုက်ပါတယ်။

အိုဒန့်စ် အသင်းဟာ အဲရစ်ဆင် ငယ်ဘဝက ကစားခဲ့တဲ့ အသင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ အေဂျတ်စ်အသင်းက သူ့ကို ယူရို ၁ သန်းနဲ့ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် လက်ရွေးစင် ကစားသမားဟာ နှလုံးခုန်နှုန်း ထိန်းချုပ်တဲ့ စက်ကို ထည့်သွင်း ထားရတာကြောင့် စီးရီးအေမှာ ကစားခွင့် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ဒိန်းမတ်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဖင်လန်အသင်းနဲ့ ကစားခဲ့ရာမှာ ကွင်းအတွင်း လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူ့ကို ကွင်းအတွင်း ကုသမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံကို ပို့ဆောင်ခဲ့ ရတာပါ။

အဲရစ်ဆင်ဟာ နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် နှလုံးခုန်နှုန်း ထိန်းချုပ်တဲ့စက်ကို ထည့်သွင်းခဲ့ရတာပါ။ အဲရစ်ဆင်ဟာ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပေမယ့် အီတလီမှာ နှလုံးခုန်စက် တပ်ဆင်ပြီး ကစားတဲ့သူကို ကစားဖို့ ခွင့်မပြုတာကြောင့် အင်တာမီလန်အသင်းနဲ့ ကစားခွင့်မရပဲ ဖြစ်ပါတယ်။

ပုံ-အဲရစ်ဆင် ကွင်းအတွင်းလဲကျသွားစဉ်။(Deadspin)

ဒိန်းမတ်ကလပ် အိုဒန့်စ်အသင်းကလည်း အဲရစ်ကို သူတို့ရဲ့ အသုံးဆောင် ပစ္စည်းတွေကို သုံးစွဲပြီး လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ခွင့်ပြုထားတာဖြစ်ပြီး ကစားသမားဟောင်း လာရောက်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်လို့ ပျော်ရွှင်ကြောင်းတောင် ပြောထား  ပါတယ်။

အင်တာမီလန် အသင်းဟာ ကစားသမားရဲ့ အခြေအနေကို နားလည်တာကြောင့် အဲရစ်ဆင် တိုးတက်မှုတွေ ရဖို့အတွက် သူသွားချင်တဲ့ နေရာကိုသွားရောက်ဖို့ ခွင့်ပြုထားတာပါ။ အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့နည်းပြတစ်ဉီးနဲ့အတူ လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ စီးရီးအေရဲ့ စည်းမျဉ်းတွေအရ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းမှာ ကစားလို့မရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ စည်းမျဉ်းတွေသာ မပြောင်းဘူးဆိုရင် အင်တာမီလန် အသင်းဟာ အဲရစ်ဆင်ကို ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက်တော့ အင်တာမီလန်အသင်းဟာ ပြဿနာမရှိတဲ့ အနေအထားမှာ ရှိနေတာ ပါ။ အေဂျတ်စ်နဲ့ အိုဒန့်စ် အသင်းတို့ဟာ အဲရစ်ဆင်အတွက် ရွေးချယ်စရာအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။

အေဂျတ်စ် အသင်းကလည်း အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေသလို အိုဒန့်စ်အသင်း ကလည်း အခြား အစီအစဉ်တွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source:Besoccer.com