CNI News

တိုကျိုဇူလိုင် ၂၅

တိုကျိုအိုလံပစ် ၂၀၂၀ ပွဲတော်ရဲ့ ပထမနေ့ စစချင်းမှာပဲ အိန္ဒိယနိုင်ငံအတွက် ပွဲဦးထွက် ငွေတံဆိပ်ကို အိန္ဒိယအားကစားမယ် မီရာဘိုင်ချာနူးက ဆွတ်ခူးပေးလိုက်တယ်လို့ India Express သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

ဇူလိုင်လ ၂၄ ရက်မှာ ကျင်းပတဲ့ အမျိုးသမီး ၄၉ ကီလိုဂရမ် အလေးမ ပြိုင်ပွဲမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ မီရာဘိုင်ချာနူးက ဒုတိယရရှိပြီး ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ မီရာဘိုင်ချာနူးဟာ ၂၀၀၀ ပြည့်နှစ် ဆစ်ဒနီအိုလံပစ်ပွဲတုန်းကလည်း ဆုတံဆိပ်ရရှိခဲ့ဖူးသူပါ။

အခု ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ကို တရုတ်အားကစားမယ် ဟိုဇီဟွားက ရရှိသွားပြီး တတိယဆု ကြေးတံဆိပ်ကိုတော့ အင်ဒိုနီးရှားအားကစားမယ် အီရှားဝင်ဒီကန်တီကာက ရရှိသွားခဲ့ ပါတယ်။

နောက်ထပ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိန္ဒိယအားကစားသမားကတော့ ဆွာရတ်ချန်ဒရီဖြစ်ပြီး သေနတ်ပစ်ပြိုင်ပွဲမှာ သတ္တမ နေရာပဲ ရခဲ့ပါတယ်။ မြားပစ်ပြိုင်ပွဲမှာတော့ အိန္ဒိယမှ ဒီပီကာကူမာရီနဲ့ ပရာဗင်ဂျက်ဟက်တို့က လက်စွမ်းပြခဲ့ကြပြီး စားပွဲတင် တင်းနစ်ပြိုင်ပွဲမှာလည်း အမျိုးသမီးတစ်ဦးချင်း ကစားသမားဖြစ်ကြတဲ့ မာနီကာဘာထရာနဲ့ စုသီသာမူကာဂျီ တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာတွေ့ရတယ်လို့ India Express သတင်းဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Source: India Express