တိုကျို ဇူလိုင် ၂၈

ကျင်းပနေဆဲဖြစ်သည့် တိုကျိုအိုလံပစ်ပွဲတော်အတွင်း အမျိုးသမီးဟော်ကီပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်၊ ယနေ့ ဆက်လက် ယှဉ်ပြိုင်ကြရာ နယ်သာလန်အသင်းနှင့် ဗြိတိန်အသင်းတို့က အောင်ပွဲခံနေကြကြောင်း ရိုက်တာသတင်းက ရေးသား ဖော်ပြ သည်။

၎င်းအမျိုးသမီး ဟော်ကီပြိုင်ပွဲမှာ တောင်အာဖရိကအသင်းကို နယ်သာလန်အသင်းက အလွယ်တကူဖြင့် အောင်ပွဲခံခဲ့သလို ဗြိတိန်အသင်းကလည်း အိန္ဒိယအသင်းကို အပြတ်အသတ် အနိုင်ရခဲ့သည်။

ပထမပိုင်းမှာ တစ်ဂိုးအသာဖြင့် ဦးဆောင်နေခဲ့သည့် ဒတ်ချ်အမျိုးသမီး ဟော်ကီအသင်းသည် ဒုတိယပိုင်းမှာလည်း ဂိုးများ ထပ်မံသွင်းနိုင်ခဲ့သဖြင့် စုစုပေါင်း ၄ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ရှုံးပွဲမရှိသေးသည့် ဒတ်ချ်အသင်းအနေဖြင့် တိုကျိုအိုလံပစ်မှာ စုစုပေါင်း ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။

“ကျမတို့ ဘယ်နေရာမှာပဲ ပြိုင်ရ၊ ပြိုင်ရ တိုးတက်အောင် ကစားပြနိုင်ခဲ့ပါတယ်” ဟု အီဗာဒီဂိုဒီအမည်ရှိ အားကစားမယ်က ၎င်းအတွက် ၄ ကြိမ်မြောက် ပါဝင်ကစားနိုင်ခဲ့သည့် အိုလံပစ်ပွဲအတွင်း ပြောသည်။

“ကျမတို့ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရရှိခဲ့တဲ့ အခွင့်အလမ်းတွေက တကယ်တော့ များများစားစား မရှိပါဘူး။ ပြစ်ဒဏ်ကန်ခွင့်တွေကိုလည်း ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြိုင်ပွဲအတွေ့အကြုံကို ရှင်းပြ သည်။

ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ရာသီဥတုအအေးပိုလာသဖြင့် ပွဲစီစဉ်သူများက ပွဲခဏရပ်နားချိန်ကို တတိယ အကျော့နှင့် စတုတ္တအကျော့မှာ ၄ မိနစ်စီ တိုးပေးခဲ့ပြီး နှစ်ဘက်အသင်းမှ ကစားသမားများ သွေးပူလေ့ကျင့်ခန်းနှင့်အနွေးဓါတ် ရစေခဲ့ သည်။

အမျိုးသမီးဟော်ကီ နောက်ထပ်ပွဲစဉ်မှာတော့ ဗြိတိန်အသင်းမှ ရွိုင်ယိုက ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ပြီး အိန္ဒိယအသင်းကို ၄ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ 

Source: Reuters

#တိုကျို
#အိုလံပစ်
#ဟော်ကီ
#Netherlands
#victory
#SouthAfrica
#Tokyo
#Olympics
#Britain
#India
#အိန္ဒိယ
#ဗြိတိန်
#hockey
#CNImyanmar
#cninews