CNI News

ဗြိတိန်၊ဇူလိုင် ၃၀

မန်ချက်စတာယူနိုက်တက် (မန်ယူ)အသင်းပိုင်ရှင် မိသားစုက ၂၀၂၂ ခုနှစ်၊ နွေရာသီပွဲစဉ်များအတွက် အာလင်းဟာလန်နှင့် ခရစ္စတီယာနိုရိုနယ်ဒိုတို့ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၄ သန်းဖြင့် စာချုပ်ချုပ်နိုင်ကြောင်း express.co.uk ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ယခုကဲ့သို့ စာချုပ်ချုပ်ဖို့ စီစဉ်ခြင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို တဖြည်းဖြည်းနှင့် ထိပ်ဆုံးပြန်ရောက်အောင် ဆိုးရှား၏ စွမ်းဆောင်ချက်တစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်က ဆိုးရှား စတင်တာဝန်ယူခဲ့စဉ်က ခံစစ်ပိုင်း အဆင့်မြှင့်တင်မှုများအနေဖြင့် ဟယ်ရီမက်ဂွိုင်းယားနှင့် အေရွန်ဝမ်ဘီစာကာတို့ကို ၎င်း၏ နွေရာသီ ပွဲဦးထွက်အနေဖြင့် ထုတ်သုံးခဲ့သည်။

ပုံ-အာလင်းဟာလန်နှင့် ခရစ္စတီယာနိုရိုနယ်ဒိုတို့ကို တွေ့ရစဉ်(Express.co.uk)

အသက် ၃၆ နှစ်ရှိနေပြီဖြစ်သည့် ရိုနယ်ဒိုသည် ၎င်းရည်မှန်းထားသည့်အတိုင်း စွမ်းအားပြည့် ကစားသမားအဖြစ် ရပ်တည်နိုင် ဆဲဖြစ်ပြီး အဝေးကွင်းကို ချန်လှပ်မထားဘဲ ကစားလိုသည့် ဆန္ဒရှိနေသေးသည်။ မန်ချက်စတာယူနိုက်တက်ကိုလည်း ပြန်လာ ရန် ၎င်းက လိုလားနေကြောင်း မကြာခင်က ရိုနယ်ဒိုက ထုတ်ဖော်ပြောခဲ့ဖူးသည်။

“ကျနော် မန်ချက်စတာကို သိပ်ချစ်တာဗျ။ ဒါကို လူတိုင်းသိပါတယ်။ မန်ချက်စတာဟာ ကျနော့်နှလုံးထဲ အမြဲရှိနေတာပါ။ တစ်နေ့တော့ မန်ချက်ကို ပြန်ခဲ့ဖို့ မျှော်လင့်ပါတယ်” ဟု ရိုနယ်ဒိုက ၂၀၁၄ ခုနှစ်တုန်းက ထုတ်ပြောဖူးသည်။

ထိုသို့ လွမ်းဆွတ်စရာ အကြောင်းများကြောင့် ရိုနယ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြန်ခေါ်ခြင်းမှာ စိတ်လှုပ် ရှားစရာ ကောင်းလှပါကြောင်း။

Source: Express.co.uk