CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁

မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြသစ် ရက်ဂ်နစ်ဟာ လေ့ကျင့်ရေးကွင်းကို ဇိမ်ခံကားတွေ မောင်းနှင်လာတာကို ပိတ်ပင်နိုင်တာကြောင့် တိုက်စစ်ကစားသမား ရော်နယ်ဒိုနဲ့ ပြဿနာတွေရှိလာနိုင်တယ်လို့ မာကာသတင်းက ဖော်ပြပါတယ်။

ရော်နယ်ဒိုဟာ ဇိမ်ခံကားတွေ အများအပြားစုဆောင်းရတာကို သဘောကျနှစ်သက်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ခမ်းနားကောင်းမွန်တဲ့ ကားတွေနဲ့ လေ့ကျင့်ရေးကွင်းကို မလာရောက်ဖို့ တားမြစ် ခံရနိုင်တာပါ။

ရက်ဂ်နစ်ဟာ သူအလုပ်လုပ်တဲ့ ဘယ်လိုကလပ်အသင်းမှာမဆို ကွင်းပြင်ပကိစ္စတွေမှာ တင်းကျပ်တဲ့ နည်းလမ်း တွေကို ထားရှိထားတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း သူဟာ ဒါကို ခြွင်းချက်အနေနဲ့ ခွင့်ပြု ထားမှာမဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြထားတာပါ။ ရက်ဂ်နစ်ဟာ လိုက်ပ်ဇစ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ကုမ္ပဏီရဲ့မော်တော်ယာဉ်တွေနဲ့သာ ကလပ်ကို လာရောက်ဖို့ ကစားသမားတွေကို ခွင့်ပြုထားတာဖြစ်ပါတယ်။ မေရာကတော့ ဂျာမန်လူမျိုးနည်းပြဟာ ဒီ မူဝါဒ ကို မန်ချက်စတာယူနိုက်တက်အသင်းဆီကို ယူဆောင်လာနိုင် တယ်လို့ ပြောထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဖရာရီ၊ လမ်ဘော်ဂနီ အပါအဝင် ယူရိုသန်း ၂၀ ကျော် တန်ဖိုးရှိတဲ့ ကားတွေကို စုဆောင်းထားတာ ပါ။ မကြာသေးခင်ကလည်း ရော်နယ်ဒိုဟာ ကလပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ယူရို ၃ သိန်းတန်ကြေးရှိတဲ့ ဘန်တလေကားနဲ့ လာရောက်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့နာမည်ကျော်ကြားမှုနဲ့ အသင်း အတွက် အရေးပါမှုတွေကြောင့် အရင်နည်းပြတွေက သူ့ကိုကွင်းအတွင်းမှာရော ကွင်းပြင်ပမှာပါ လွတ်လွတ် လပ်လပ်နေထိုင်ခွင့်ပေးထားတာပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြသစ် ရက်ဂ်နစ် ကတော့ ကစားသမားတဦးတည်းအတွက် ဒီလိုခြွင်းချက်မျိုး သတ်မှတ်ပေးထားခြင်း မရှိတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုနဲ့ရက်ဂ်နစ်တို့ကြားမှာ တင်းမာမှုအချို့ရှိလာနိုင်တယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။ ရက်ဂ်နစ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒီလိုစည်းမျဉ်းတွေကို အသုံးပြုလာခဲ့မယ်ဆိုရင် ကစား သမားတွေဟာ Chevrolet ကားတွေနဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်သတင်းပို့ရဖွယ်ရှိနေတာပါ။ အဆိုပါ ကုမ္ပဏီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂျာစီကို စပွန်ဆာ မပေးထားပေမယ့်အသင်းရဲ့ တရားဝင် မိတ်ဖက်အဖြစ်ရှိနေဆဲဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source: marca