CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်မှုခံယူပြီးနောက် ၂ လကျော်ကြာ အနားယူရမယ်လို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “အရာအားလုံး အဆင်ပြေခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဆာကာဟာ ရက်သတ္တပတ် ပေါင်းများစွာကြာ အနားယူရတော့မှာပါ။ ၂ လကျော်လောက်တော့ သူ အနားယူရမယ်လို့ထင်ပြီး ဘယ်လောက်ကြာမလဲဆိုတာတော့ အတိအကျမသိပါဘူး”လို့ ပြောခဲ့တာပါ။
ဆာကာဟာ အာဆင်နယ်အသင်းက ပဲလေ့စ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲအပြီးမှာ ချိုင်းထောက်နဲ့ ကွင်းထဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အသက် ၂၃ နှစ်အရွယ်ရှိ ဆာကာဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင် ကစားထားတာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားတာပါ။
အဲဒါကြောင့် ဆာကာကို ကာလရှည်ကြာ ဆုံးရှုံးရမှာက အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်လို ဖြစ်ခဲ့ပါ တယ်။
အာဆင်နယ်အသင်းဟာ ဆာကာ ဒဏ်ရာရရှိပြီးနောက် ပထမဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ အစ်စဝှစ်ချ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လာနိုင် ခဲ့ပါတယ်။
ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၆ မှတ် ကွာဟနေတဲ့ အာဆင်နယ်အသင်း ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁ ရက်မှာ ဘရန်ဖို့ဒ် အသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC